ချစ်သူသက်တမ်း၁၁နှစ်ကျော်မှာ Surprise လုပ်လိုက်တာပါ။

အဆိုတော် ကျော်ထွဋ်ဆွေရဲ့ လက်ထပ်ခွင့်တောင်းဆိုမှုကို နန်းသူဇာကတော့ ယနေ့ဇွန်လ ၂၂ရက်မှာ လက်ခံလိုက်ပြီပဲ ဖြစ်ပါတယ်။ 

ပရိသတ်​တွေ မျှော်လင့်ထားကြသလိုပဲ သူတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း၁၁နှစ်ကျော် မှာ အခုလိုပဲ လက်ထပ်ခွင့်တောင်းဆိုလိုက်တာဖြစ်ပြီးနန်းသူဇာကတော့ ကျော်ထွဋ်ဆွေရဲ့တောင်းဆိုမှုကို လက်ခံလိုက်တဲ့အကြောင်းကို သူမရဲ့ဆိုရှယ်မီဒီယာထက်မှာ ဓာတ်ပုံလေးတွေနဲ့အတူ "I said YES 😍 ဒီ တစ်ခါ တော့ကိုကျော်ကြီးSurprise အောင်မြင်ခဲ့ပြီ" ဆိုပြီး ပီတိတွေနဲ့အတူ တင်လိုက်တာပဲ ဖြစ်ပါတယ်။ 





Photo-Nann Thuzar FB

အဆိုတော် ကျော်ထွဋ်ဆွေရဲ့ Surprise လုပ်တဲ့ပွဲမှာ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းနဲ့ အဆိုတော် Bobby Soxer တို့ကလည်းဝိုင်းဝန်းကူညီအားဖြည့်ပေးခဲ့ကြပါတယ်။ အဲ့ဒီ့ပို့စ်အောက်မှာ အနုပညာရှင်များစွာနဲ့ ပရိသတ်တွေကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်ချက်ပြုရေးသားထားပါတယ်။ 

သူတို့နှစ်ဦးရဲ့ချစ်သက်တမ်းကတော့ တော် တော် လေးလည်းကြာပြီဖြစ်ပြီး ယခင်ကအင်တာဗျူးတွေမှာတော့ အိမ်ထောင်ပြုဖို့ထက်ကိုယ်ပိုင်အလုပ်တွေကိုသာ ဦးစားပေးလုပ်ကိုင်နေကြတာဖြစ်ပြီး အခုလို ၁၁နှစ်ကျော် သက်တမ်းမှာတော့ပရိသတ်တွေမျှော်မှန်းထားကြသလို အမှန်တကယ်အကောင်အထည်ဖော်လိုက်ပြီပဲဖြစ်ပါတယ်။ 








Photo- Nann Thuzar FB

သူတို့နှစ်ဦးကတော့ စိတ်တူကိုယ်တူ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ အချစ်ရေးဖြစ်ပြီး ချစ်သူသက်တမ်းကလည်း ၁၁နှစ် ကျော် သည်အထိ သွေးမအေးပဲ အမြဲတမ်းချစ်နေကြတဲ့ စုံတွဲ ဖြစ်တာကြောင့် အခုလို သတင်းကောင်းလေးအတွက် ပရိသတ်တွေကလည်း ဝမ်းမြောက်နေကြပါတယ်။သူတို့နှစ်ဦးချစ်သူဖြစ်ကတည်းက ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်သူတွေအများအပြားရှိနေခဲ့ပါတယ်။

Share

က္က