အမေဇုံ မိုးသစ်တောထိန်းသိမ်းရေးပါ ဆွေးနွေးခဲ့ပါတယ်

Starlink အင်တာနက်ဝန်ဆောင်မှုကို ဘရာဇီးကျေးလက်တွေမှာ ဖြန့်ကြက်ဖို့ အလားအလာရှိနေပါတယ်။ 

ဒီတစ်ပတ် အင်္ဂါနေ့ကပဲ SpaceX တည်ထောင်သူ အီလွန်မတ်စ်နဲ့ ဘရာဇီးဆက်သွယ်ရေးဝန်ကြီး ဖာဘီယိုဖာရီယာတို့ဟာ အော်စတင်မြို့မှာ တွေ့ဆုံခဲ့ပြီး ကျေးလက်စာသင်ကျောင်းတွေ အင်တာနက်ပေးရေးနဲ့ အမေဇုံမိုးသစ်တော သစ်ခိုးထုတ်မှုတိုက်ဖျက်ရေးတွေမှာ SpaceX နည်းပညာအကူအညီ ရယူဖို့ အလားအလာရှိတဲ့ မိတ်ဖက်ပြုမှုတစ်ရပ်အကြောင်း ဆွေးနွေးခဲ့တယ်လို့ US News သတင်းက ဆိုပါတယ်။ 




ထုတ်ပြန်ချက်ထဲမှာ ဘရာဇီးအစိုးရအဖွဲ့ဟာ SpaceX နဲ့ ကုမ္ပဏီပိုင် ဂြိုလ်တု Broadband အင်တာနက်ဝန်ဆောင်မှုတွေကို အမေဇုံမိုးသစ်တော သစ်ခိုးထုတ်မှုစောင့်ကြည့်ရေးမှာ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့အချက်နဲ့ ဝေးလံတဲ့ ကျေးလက်စာသင်ကျောင်းတွေနဲ့ ကျန်းမာရေးစင်တာတွေမှာ အင်တာနက်ကွန်ရက်ပေးဖို့ပါ ဆွေးနွေးမှု လုပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

"ဘရာဇီးအစိုးရနဲ့ SpaceX တို့အကြား အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာအောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က ကျေးလက်ဒေသတွေနဲ့ ဝေးလံခေါင်းပါးတဲ့ နေရာတွေကို အင်တာနက်ပေးဖို့ ၊ နောက်ပြီး အမေဇုံ မိုးသစ်တောတွေထဲမှာ မီးလောင်တာ ၊ တရားမဝင် သစ်ခုတ်တာတွေကို ထိန်းချုပ်ရေးမှာ ကူညီဖို့ ဖြစ်ပါတယ်။" လို့ ဝန်ကြီး ဖာရီယာက ဆိုပါတယ်။ 




ဖာရီယာနဲ့ မတ်စ်တို့ကို ဝန်ကြီးရဲ့ Twitter အကောင့်မှာ တင်ထားတဲ့ ဗွီဒီယိုမှာလည်း တွေ့ခဲ့ရပြီး ဗွီဒီယိုဖိုင်ထဲမှာ ပိုကောင်းတဲ့ချိတ်ဆက်မှုနဲ့ဆို ကျွန်တော်တို့ အမေဇုံတည့်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အကူအညီပေးနိုင်မှာပါ လို့ မတ်စ်က ပြောထားပါတယ်။ Starlink ဟာ အိန္ဒိယမှာလည်း ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုပေးဖို့ စတင်နေပါတယ်။

လက်ရှိမှာ SpaceX ဟာ Starlink ဂြိုလ်တုပေါင်း ၁၇၀၀ ကျော် လွှင့်တင်ထားပြီး ၂၀၃၀ မတိုင်ခင် ကမ္ဘာပတ်လမ်းထဲ Starlink ဂြိုလ်တုပေါင်း ၁၂၀၀ အပြည့်အဝ ရောက်ရှိဖို့ ပစ်မှတ်ထားနေပါတယ်။ SpaceX အနေနဲ့ စုစုပေါင်း ဂြိုလ်တုစင်းရေ ၄၂၀၀၀ အထိ လွှင့်တင်ဖို့ စီစဉ်ထားပါတယ်။ 

Share

Loading Next Article...
က္က