ပွဲအပြီးမှာ ပြဿနာဖြစ်ပွားခဲ့ကြတာပါ။

မနေ့ညက မန်စီးတီးနဲ့ လီဗာပူးတို့ပွဲအပြီးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးညက်ဇ်တို့ ပြဿနာဖြစ်ပွားခဲ့ပြီး စကားအချေအတင် များခဲ့ပါတယ်။ ဒီပွဲက တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာလည်း ဖြစ်ပါတယ်။



မန်စီးတီးက ဟာလန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ပွဲကို အပြတ်ဖြတ်နိုင်မယ့် အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် အာနိုးလ်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရပြီး နှစ်သင်းစလုံး သရေတစ်မှတ်စီနဲ့ ကျေနပ်ခဲ့ရတာပါ။


ပွဲအပြီးမှာတော့ လီဗာပူးနည်းပြ ကလော့ပ်နဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ နှုတ်ဆက်ခဲ့ပြီးနောက် နူးညက်ဇ်နဲ့ ဂွါဒီယိုလာတို့ စကားများခဲ့ကြပါတယ်။ နူးညက်ဇ်ကို ကလော့ပ်က ဖျန်ဖြေခဲ့ရသလို ဂွါဒီယိုလာကိုလည်း လီဗာပူးနည်းပြအဖွဲ့ဝင်တွေက ဖျောင်းဖျခဲ့ရပါတယ်။

နှစ်ယောက်အကြား ဘယ်က ဘယ်လိုပြဿနာစဖြစ်ခဲ့တယ်ဆိုတာကို ကလော့ပ်ကိုယ်တိုင်က သိလည်း မသိ၊ နားလည်မလည်ကြောင်း ပြောကြားခဲ့သလို ဘယ်ဘက်ကမှလည်း ပြဿနာရဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း အရင်ရာသီက ဆီမီကတ်စ်ကို ဂွါဒီယိုလာပြုမူခဲ့တဲ့အတိုင်း နူးညက်ဇ်က ပြန်လည်ပြုမူခဲ့တာကြောင့် အခုလိုပဲ ပြဿနာတက်ခဲ့တယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။
နူးညက်ဇ်ဟာ အာနိုးလ်ရဲ့ သွင်းဂိုးကို ရည်ရွယ်ပြီး “ခင်ဗျား ကြိုက်လား” သွားမေးခဲ့တာဖြစ်ပြီး ဒါဟာ ဂွါဒီယိုလာတစ်ယောက် ပြီးခဲ့တဲ့ရာသီက ဆီမီကတ်စ်ကို လုပ်ခဲ့သလိုမျိုး လက်စားပြန်ချေခဲ့ပုံရပါတယ်။ ဂွါဒီယိုလာကတော့ နူးညက်ဇ်နဲ့ ဘာပြဿနာမှ ကြီးကြီးမားမားမရှိကြောင်း ပွဲအပြီးမှာ ဖြေရှင်းခဲ့ပါတယ်။

Share

Loading Next Article...
က္က