ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်စွမး်ရှိတယ်လို့ ပြောဆိုခဲ့တာပါ။

တတိယမြောက်မကျေပွဲအဖြစ် ထိုးသတ်ခဲ့ကြတာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ၀ိုင်လ်ဒါတစ်ယောက် အရှုံးနဲ့သာရင်ဆိုင်ခဲ့ရပြီး ဖြူရီကို သူ ဘယ်လိုမှအနိုင်မယူနိုင်ဘူးဆိုတာကို ကွက်ကွက်ကွင်းကွင်းသိမြင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 


မန်ချက်စတာရဲ့ အထင်ပေါ်ဆုံးလူသားအဖြစ် ထိပ်ဆုံးမှာရှိချင်တယ်လို့ ပြောဆိုခဲ့တဲ့ ဗြိတိန်ဟဲဗီးဝိတ်အကျော်အမော်တိုင်ဆန်ဖြူရီဟာ ပြိုင်ဘက်ဒီအွန်တေးဝိုင်လ်ဒါကို အလဲထိုးအနိုင်ယူပြီး သူ့ရဲ့ချန်ပီယံဘွဲ့ကို ကာကွယ်သွားခဲ့ပါတယ်။ တတိယမြောက်မကျေပွဲအဖြစ် ထိုးသတ်ခဲ့ကြတာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ၀ိုင်လ်ဒါတစ်ယောက်

အရှုံးနဲ့သာရင်ဆိုင်ခဲ့ရပြီး ဖြူရီကို သူ ဘယ်လိုမှအနိုင်မယူနိုင်ဘူးဆိုတာကို ကွက်ကွက်ကွင်းကွင်းသိမြင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

ပထမဆုံးရင်ဆိုင်ခဲ့တုန်းက သရေပွဲအဖြစ်ပြီးဆုံးခဲ့ပေမယ့်လည်း ဒုတိယမြောက်ပွဲစဉ်မှာတော့ ၇ ချီမှာမှာပဲ ဖြူရီက အလဲထိုးကာ အနိုင်ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ လအနည်းငယ်ကြာ ညှိနှိုင်းမှုတွေအပြီး တတိယမြောက်ပွဲအတွက် သဘောတူညီမှုရယူနိုင်ခဲ့ကာ Las Vegas မှာ ထိုးသတ်ခဲ့ကြတာဖြစ်ပါတယ်။ တတိယမြောက်ပွဲစဉ်မှာတော့ ၁၁ ချီအထိ ၀ိုင်လ်ဒါက ရင်ဆိုင်နိုင်ခဲ့ပြီးမှ အလဲထိုးခံလိုက်ရတာလည်းဖြစ်ပါတယ်။ 

ဒါဟာ မန်ချက်စတာကို သူ့ရဲ့ချန်ပီယံခါးပတ်ပြန်သယ်လာမယ်လို့ ပြောဆိုခဲ့တဲ့ စကားကို အကောင်အထည်ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အိုးထရက်ဖို့ဒ်ကွင်းအတွင်း ရော်နယ်ဒိုနဲ့ တစ်ပွဲတစ်လမ်းအကဲစမ်းချင်တယ်လို့ နောက်ပြောင်ပြောဆိုခဲ့တဲ့ ဖြူရီက ယူနိုက်တက်တိုက်စစ်မှူးကို သတိပေးလိုက်တာဖြစ်တယ်လို့လည်း Mirror သတင်းဌာနက ခေါင်းစဉ်တပ်ရေးသားဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်တဲ့ ဖြူရီဟာ မန်ချက်စတာမှာမွေးဖွားသူတစ်ဦးဖြစ်ပြီး ဗြိတိန်မှာတော့ ဂျိုရှူဟွာနဲ့အပြိုင် နာမည်ကြီးတဲ့ ဘောက်ဆင်သမားတစ်ဦးဖြစ်ပါတယ်။ အရပ်ခြောက်ပေနဲ့လေးလက်မမြင့်တဲ့ ဖြူရီဟာ ဟဲဗီးဝိတ်လောကရဲ့ တကယ့်နံပါတ်တစ်ဖိုက်တာအဖြစ် ရပ်တည်ဖို့လည်း ရည်ရွယ်ထားပြီး သူ့ရဲ့လာမယ့်ပြိုင်ဘက်ကတော့ ဒီလီယန်ဝှိုက်က ရေပန်းစားနေကာ ဂျိုရှူဟွာနဲ့ပွဲစဉ်ကတော့ ညှိနှိုင်းမှုတွေအဖြစ်နဲ့သာ ရှိနေသေးတာဖြစ်ပါတယ်။ 

၀ိုင်လ်ဒါကို အနိုင်ယူပြီးနောက်မှာ ဖြူရီက သူ့အနေနဲ့ ဘယ်သူ့ကိုမဆို၊ ဘယ်လိုဝိတ်တန်းမှာမဆို အားလုံးကိုအနိုင်ယူနိုင်စွမ်းရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ "ကျွန်တော့်ခေတ်မှာ ကျွန်တော်ကအကောင်းဆုံးဖိုက်တာပဲ။ ကျွန်တော်နဲ့ ရင်ဆိုင်ခဲ့သူတွေအားလုံးအတွက် တကယ်စိတ်မကောင်းပါဘူး၊ ဘယ်သူ့ကိုမဆို ကျွန်တော်အနိုင်ယူနိုင်တယ်လို့ ယုံကြည်တယ်၊ ဘယ်လိုပဲမွေးဖွားလာတဲ့ကောင်ဖြစ်ဖြစ် ကျွန်တော်အနိုင်စွမ်းရှိပါတယ်" လို့ ဖြူရီက ပြောဆိုခဲ့ပါတယ်။ 

Share

က္က