Reno7 5G Specs နဲ့ လာတဲ့ဖုန်း

သေသပ်လှပပြီး မျက်နှာပြင်သိပ်မကြီးတဲ့ Upper Midrange ဖုန်းချစ်သူတွေအတွက် OPPO က Reno8 Z 5G နာမည်နဲ့ ဖုန်းသစ်တစ်မျိုး ကြေညာလိုက်ပါတယ်။ 

OPPO Reno8 Z 5G ဟာ သူ့အရင် ထွက်ခဲ့တဲ့ Reno 7 Z 5G အတိုင်း ကျစ်လျစ်တဲ့ ၆.၄၃ ဆိုဒ်နဲ့လာပြီး အချက်အလက် တော်တော်များများ တူညီမှုရှိပါတယ်။ ကျောဘက်ဒီဇိုင်းနဲ့ တောက်ပတဲ့ ရွှေရောင် Dawnlight Gold ကာလာသစ် ပါလာတာပဲ ထူးခြားတယ်လို့ ဆိုရမှာပါ။ Screen Size တူသလို သုံးတဲ့ Screen နဲ့ ရုပ်ထွက်ကလည်း OLED Screen နဲ့ FHD+ Resolution ပဲ ပြန်သုံးထားတာပါ။ လက်ဗွေဖတ်စနစ်ကိုလည်း ဖုန်းမှန်ပြင်အောက်မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ 





ထိုင်းဈေးကွက်ထဲ ဝင်လာတဲ့ OPPO Reno8 Z 5G ဟာ Snapdragon 685 SoC ၊ RAM 8GB/128GB Storage နဲ့ လာပြီး ထောင်လိုက်စတုဂံပုံစံ ကျောဘက်ကင်မရာအိမ်ထဲမှာ သုံးလုံးတွဲကင်မရာ နဲ့ သပ်ရပ်တဲ့ Flat Edged ဘောင်ဒီဇိုင်း သုံးထားပါတယ်။ ကင်မရာစနစ်မှာလည်း Reno7 Z 5G အတိုင်း 64MP Main Sensor ၊ 2MP Macro နဲ့ 2MP Depth Sensor ဆိုပြီး သုံးလာပြီး ရှေ့ဘက် ဘယ်အပေါ်ထောင့် Punch-hole ထဲမှာ 16MP f/2.4 Sensor ဆဲလ်ဖီကင်မရာ တပ်ဆင်လာပါတယ်။ 

OPPO Reno8 Z 5G ဟာ 4500mAh ဘက်ထရီ ၊ 33W Charging Support နဲ့လာပြီး Android 12 ကို အခြေခံထားတဲ့ ColorOS12.1 စနစ် သုံးထားပါတယ်။ ထိုင်းဈေးကွက်မှာ ဘတ် ၁၂၉၉၀ (မြန်မာငွေ ၇ သိန်းနီးပါး) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 

Share

Loading Next Article...
က္က