ဘာစီလိုနာရဲ့အခြေအနေတွေကို ပြောဆိုသွားခဲ့တာပါ။

ဘာစီလိုနာအသင်းနည်းပြဟောင်းရော်နယ်ကိုးမန်းက အသင်းဟောင်းရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုမှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။ ဟော်လန်လူမျိုးနည်းပြဟာ ဒီရာသီအစောပိုင်းမှာပဲ ဘာကာနည်းပြကနေ ထုတ်ပယ်ခံခဲ့ရပြီး ဇာဗီနဲ့ အစားထိုးခံခဲ့ရတာဖြစ်ပါတယ်။ ဇာဗီလက်အောက်မှာတော့ ဘာကာက ပြန်လည်ဦးမော့လာပြီး အခြေအနေကောင်းတွေကို ပြန်လည်ပိုင်ဆိုင်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းမှာ ရာယိုဗလင်ကာနိုကို အရေးနိမ့်ခဲ့ပြီးနောက် ရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ ကိုးမန်းကတော့ အသင်းဟောင်းကို ခနဲ့တဲ့တဲ့ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ သူ အသင်းကနေ ထုတ်ပယ်ခံရချိန်မှာ ဘာကာက ရီးရဲလ်မက်ဒရစ်နဲ့ ၈ မှတ်အထိ ကွာဟနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၁၅ မှတ်ကွာဟနေတာကို သူက ထောက်ပြခဲ့ပါတယ်။ 

"ဘာစီလိုနာရဲ့ အခြေအနေက ကျနော်ထွက်သွားတုန်းက အတိုင်းပါပဲ၊ ဘာမှမပြောင်းလဲပါဘူး၊ ဆိုလိုတာက နည်းပြအပြောင်းအလဲလုပ်တိုင်းမှာ တိုးတက်လာမယ်လို့ ဘယ်တော့မှတထစ်ချပြောလို့မရဘူးဆိုတာပါ၊ အသင်းရဲ့ အခြေအနေက ကျနော့်ကို နာကျင်စေရပါတယ်၊ ဇာဗီအပေါ်မှာ ကျနော်အပြည့်အ၀ထောက်ခံပါတယ်၊ သူက နည်းပြကောင်းတဦးဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်တဦးလည်းဖြစ်ပါတယ်"

"ဘာစီလိုနာရဲ့ အခြေအနေတွေက သူ့အမှားမဟုတ်ပါဘူး၊ အသင်းဥက္ကဌကိုတော့ ကျနော်အပြည့်အ၀မထောက်ခံနိုင်ဘူး၊ ဒါပေမယ့် သူ ဇာဗီကို ထောက်ပံ့မှုတွေလုပ်ပေးပြီးတော့ သင်ခန်းစာယူနိုင်မယ်လို့ထင်ပါတယ်၊ ကျနော်အသင်းကနေ ထွက်ခွာခဲ့ရတုန်းက ရီးရဲလ်က ၈မှတ်ဖြတ်ထားတာပါ၊ အခုတော့ နှစ်ဆတောင်ဖြစ်သွားခဲ့ပါပြီ" လို့ ကိုးမန်းက ပြောဆိုသွားခဲ့ပါတယ်။ 


ဘာကာဟာ ဇာဗီလက်ထက်မှာ ရလဒ်တွေပြန်လည်ကောင်းမွန်လာခဲ့ပြီး အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ရီးရဲလ်နောက် ၁၅ မှတ်အကွာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က