သူသာ ကြိုးစားခဲ့ရင် GOAT ကြီးနှစ်ဦးထက် ပိုအောင်မြင်ခဲ့မှာလို့ ဆိုခဲ့ပါတယ်။

နာမည်ကျော်အီတလီတိုက်စစ်မှူးဟောင်း မာရီယိုဘာလော့တယ်လီက သူသာ ကြိုးစားအားထုတ်မှုကောင်းကောင်းလုပ်ခဲ့မယ်ဆိုရင် မက်ဆီ နဲ့ ရော်နယ်ဒိုတို့ထက်တောင် ဘလွန်းဒီအောဆု ပိုမိုရရှိခဲ့မှာလို့ ပြောဆိုလိုက်ပါတယ်။ သူ အဲဒီလိုမျိုး မဖြစ်လာခဲ့လို့လည်း သူ့ရဲ့ အေးဂျင့်ဟောင်းဖြစ်သူ ကွယ်လွန်သူ ရွိုင်အိုလာဆီက အပြစ်တင်တာကိုလည်း ခံခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါသေးတယ်။ 

Muschio Selvaggio podcast မှာ ဘာလော့တယ်လီက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဘာလော့တယ်လီကတော့ အရည်အသွေးမြင့်တိုက်စစ်ကစားသမားလို့ အသင်းဖော်ဟောင်းတွေကလည်း ချီးကျူးခဲ့ကြပြီး အားထုတ်မှုနည်းပါးခဲ့လို့သာ သူရောက်ရှိခဲ့သင့်တဲ့ အဆင့်အတန်းမျိုးကို မရောက်ခဲ့တာလို့ မှတ်ချက်ပြုတာတွေကိုလည်း ခံယူခဲ့ရပါသေးတယ်။ 

အသက် ၃၂ နှစ်အရွယ် ဘာလော့တယ်လီက "ရွိုင်အိုလာက ကျနော့်ကို အမြဲတမ်းကို ပြောနေခဲ့တာပါ၊ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဘလွန်းဒီအောဆုတွေ အများကြီးရနေခဲ့တာက ကျနော်အသုံးမကျလို့ပေါ့၊ ကျနော့်အမှားတွေကြောင့်ဆိုပြီး သူ အမြဲတမ်းပြောနေခဲ့တယ်၊ သူ ပြောတာမှန်ပါတယ်၊ ကျနော်ကစားခဲ့တဲ့ပွဲအများစုမှာ ကျနော်တကယ်လုပ်နိုင်တာရဲ့ ၂၀% လောက်ပဲ ကစားခဲ့တာပါ" လို့ ပြောဆိုခဲ့ပါတယ်။

ဘာလော့တယ်လီဟာ အင်တာမီလန်၊ အေစီမီလန်၊ မန်စီးတီး၊ လီဗာပူးလ်၊ နိုက်စ်တို့လို အသင်းတွေမှာ ကစားပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘ၀မှာ အငြင်းပွားဖွယ်ရာလုပ်ရပ်တွေကို လုပ်နေခဲ့လို့ သူ့ရဲ့ ခြေစွမ်းထက် အဆိုပါလုပ်ရပ်တွေက ပိုမိုထင်ရှားခဲ့ကာ အရည်အသွေးတွေကို အပြည့်အ၀အသုံးမချနိုင်ခဲ့သူလို့ အားလုံးက သတ်မှတ်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က