ဇင်ချန်ကိုက အာဆင်နယ်ကစားသမားဘဝ ပထမဆုံးအင်တာဗျူးမှာ ပြောကြားခဲ့တာပါ။

အာဆင်နယ်ကစားသမားသစ်ဖြစ်လာတဲ့ ဇင်ချန်ကိုက မန်စီးတီးအသင်းဖော်ဟောင်း ဒီဘရိုင်းနဲ့ပတ်သက်လို့ အာဆင်နယ်ပရိသတ်တွေကို နောက်ပြောင်ပြောကြားလိုက်ပါတယ်။ အသက် (၂၅) နှစ်အရွယ် အဆိုပါ ယူကရိန်းလက်ရွေးစင်ဟာ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) နဲ့ ရောက်ရှိလာတာပါ။



အာဆင်နယ်ကစားသမားဘဝ ပထမဆုံး အင်တာဗျူးအစီအစဥ်မှာတော့ ဇင်ချန်ကိုက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “အာဆင်နယ်ပရိသတ်တွေက ကျနော့်ကို ဒီဘရိုင်းမဟုတ်မှန်းရော သိကြရဲ့လား။ ကျနော်ကတော့ တည့်တည့်ပဲမေးဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေက ထင်ယောင်ထင်မှားဖြစ်နိုင်တယ်လေ”

“ကျနော်က သူတို့ကို အံ့အားသင့်အောင် လုပ်တယ်ဆိုပြီးတော့ပေါ့။ ကျနော်နဲ့ ဒီဘရိုင်းကို ရုပ်ချင်းတူတယ်ဆိုပြီး နှိုင်းကြတာက အစပိုင်းပါပဲ။ ကျနော်က ဒီဘရိုင်းထက် အများကြီး၊ အများကြီး ပိုချောပါတယ်။ ကျနော်တို့ အခု ဘောလုံးကျွမ်းကျင်မှုပိုင်းကို ပြောနေတာ မဟုတ်ဘူးနော်”



“ဒါပေမယ့် ခင်ဗျား ပြောနိုင်ပါတယ်။ သူနဲ့တော့ နှိုင်းယှဥ်လို့မရပါဘူး။ ဒါကို ဒီဘရိုင်းလည်းသိပါတယ်” လို့ ဇင်ချန်ကိုက နောက်ပြောင်သွားခဲ့ပါတယ်။ ဒီဘရိုင်းနဲ့ဇင်ချန်ကိုတို့ဟာ ရုပ်ချင်းဆင်တဲ့ ကစားသမားတွေလို့ ပြောနိုင်ပြီး ဒီဘရိုင်းနဲ့ ရုပ်ချင်းဆင်တာကြောင့် ပရိသတ်တွေ အခက်တွေ့ခဲ့ရတဲ့အပေါ်မှာလည်း ဇင်ချန်ကိုက အခုလိုပြောခဲ့ဖူးပါတယ်။

ဇင်ချန်ကိုက “ပရိသတ်တွေက ကျနော့်ကို ဒီဘရိုင်းလို့ထင်ပြီး ဓာတ်ပုံတွဲရိုက်ဖို့ ရောက်လာကြဖူးပါတယ်။ ဒါပေမယ့် ကျနော် ဒီဘရိုင်းမဟုတ်တဲ့အခါကျတော့ သူတို့ စိတ်ပျက်သွားခဲ့ရပါတယ်” လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ ဇင်ချန်ကိုဟာ မတ်တာနာ၊ မာကွင်ဟိုစ်၊ ဖေဘီယိုဗီအဲရာ၊ ဂျီးဆပ်စ်တို့နောက်ပိုင်း လက်ရှိနွေရာသီစျေးကွက်မှာ အာဆင်နယ်ကို ရောက်ရှိလာခဲ့တဲ့ ငါးယောက်မြောက် ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က