အူဘာမီးယန်းကတော့ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်ရတာကို ကျေနပ်အားရနေတာပါ။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းက သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အမိုက်ဆုံး အသင်းခေါင်းဆောင်တစ်ယောက်လို့ ချီးကျူးပြောကြားလာပါတယ်။ အူဘာမီးယန်းဟာ (၂၀၁၉) ကစလို့ အာဆင်နယ် အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရရှိခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်နဲ့ FA ဖလား၊ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။



အသက် (၃၂) နှစ်အရွယ် အူဘာမီးယန်းဟာ အပြုအမူဆိုးတွေကြောင့် အသင်းခေါင်းဆောင် လက်ပတ် အသိမ်းခံလိုက်ရတဲ့ ချာကာအစား အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ သူ့ကိုယ်သူ အမွှန်းတင်ပြောကြားလိုက်တာဖြစ်ပါတယ်။

အူဘာမီးယန်းက “ကျနော်က ပရီးမီးယားလိဂ်မှာ အမိုက်ဆုံးအသင်းခေါင်းဆောင်တစ်ယောက်ပါ။ တစ်ကမ္ဘာလုံးနဲ့ နှိုင်းယှဥ်ပြီးတော့တောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမှန်တိုင်းပြောရရင် ကျနော်က ဥပမာကောင်းဖြစ်အောင် ကြိုးစားနေပါတယ်။ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ရခြင်းအတွက် ဒါက အရေးကြီးဆုံးအစိတ်အပိုင်းလို့ ကျနော်ထင်ပါတယ်”

“အသင်းမှာရှိတဲ့ လူငယ်တွေကိုလည်း စိတ်ဓာတ်တက်ကြွလာအောင် ကြိုးစားပေးရပြီး ကိုယ့်ထက်ကြီးတဲ့ ကစားသမားတွေဆိုလည်း အတူတူပါပဲ။ ကျနော်က အသင်းအတွက်ဆိုရင် ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုပဲ ပေးစွမ်းနိုင်ဖို့ ကြိုးစားနေတာပါ”

“ခင်ဗျားက အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီဆိုရင် ဒါက ခင်ဗျားအလုပ်ပဲလေ။ ဒီတာဝန်ကို ခင်ဗျား မဖြစ်မနေ ယူရလိမ့်မယ်၊ လက်ခံရလိမ့်မယ်၊ အသားကျအောင်လုပ်ရပါလိမ့်မယ်။ ဒါ သိပ်ကောင်းတဲ့အလုပ်ဗျ။ ဘောလုံးလောကမှာ အကောင်းဆုံးဆိုတာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် အူဘာမီးယန်းဟာ အာဆင်နယ်တိုက်စစ်ပိုင်းမှာ အကျပိုင်းရောက်လာပြီလို့ပြောရပါလိမ့်မယ်။ အက်စတွန်ဗီလာ (နှစ်ဆင့်ကန်မှဝင်)၊ ဝက်ဖို့ဒ်တို့နဲ့ပွဲတွေမှာ ပင်နယ်တီလွဲချော်ခဲ့ပြီး အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တဲ့ အူဘာမီးယန်းရဲ့ ခြေစွမ်းကို နည်းပြအာတီတာက အထူးဂရုစိုက်စောင့်ကြည့်နေတာပါ။

အာဆင်နယ်ဟာ တိုက်စစ်ပိုင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေပြီး ဗလာဟိုဗစ်၊ ဝက်ကင်စ်၊ ကဲလ်ဗတ်လီဝင်တို့လို ကစားသမားတွေကို ပစ်မှတ်ထားနေတယ်လို့လည်း သတင်းတွေက အကျယ်တဝင့်ဖော်ပြထားတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က