အာဆင်နယ်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့တာပါ။

အာဆင်နယ် ကွင်းလယ်လူ ဖေဘီယိုဗီအဲရာက သူ့ရဲ့ ကစားသမားဘဝမှာ လွှမ်းမိုးမှုအရှိဆုံးက ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် မက်ဆီတို့ ဖြစ်ကြောင်း၊ ကစားပုံအရ မက်ဆီနဲ့ဆင်တူကြောင်း ပြောကြားလာခဲ့ပါတယ်။ ဗီအဲရာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပေါ်တိုကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခန်းမှာ အခုလိုပဲ ပြောကြားခဲ့တာပါ။



ဗီအဲရာက “ကျနော့်အတွက် အကြီးမားဆုံး လွှမ်းမိုးနိုင်တဲ့ ကစားသမားနှစ်ယောက်ကတော့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ပါပဲ။ ကစားပုံအရဆိုရင် မက်ဆီက ကျနော့်ကစားပုံနဲ့ ပိုပြီးဆင်တူပါတယ်။ ကျနော်ကလည်း မက်ဆီနဲ့ သွားတူတာပေါ့။ သူ ကစားပုံနဲ့ ပတ်သက်လို့ ကျနော် သဘောကျပါတယ်။ ရော်နယ်ဒိုကို ထည့်ပြောတာက ပေါ်တူဂီသားဖြစ်နေလို့ မဟုတ်ပါဘူး”

“ဒါပေမယ့် သူက အလုပ်အပေါ် ထားတဲ့ သူ့ရဲ့ကျင့်ဝတ်၊ စပို့တင်းကို ပြောင်းဖို့ သူ့မိသားစုကို ဘယ်လို ထားခဲ့ရတာ၊ လူတိုင်း အားကျရတဲ့ ကစားသမားဘဝကို တည်ဆောက်ခဲ့ရတာတွေကြောင့် အခြားသူတွေက သူ့ကို အမှန်တကယ် လေးစားနေရတာပါ။ ကျနော် ရော်နယ်ဒိုနဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ တွေ့လေ့ရှိပြီး Gym လည်း အတူတူ ကစားခဲ့ပါတယ်”

“ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ချိန်မှာလည်း ရော်နယ်ဒိုနဲ့ တွေ့ခဲ့ပါတယ်။ ရော်နယ်ဒိုက လူငယ်ကစားသမားတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ၊ အကြံဥာဏ်တွေကို အမြဲတမ်းပေးလေ့ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဗီအဲရာဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကြီးအတွက် တပွဲမှ ပါဝင်ကစားဖူးခြင်းမရှိသေးဘဲ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အပြီးသတ်လူစာရင်းမှာလည်း ပါဝင်နိုင်ဖွယ်မရှိပါဘူး။

ဗီအဲရာဟာ ခြေစွမ်းပိုင်းကောင်းမွန်ပေမယ့် ဒဏ်ရာပြဿနာ မကြာခဏရရှိနေပြီး ဒီရာသီမှာလည်း အာဆင်နယ် အတွက် ပရီးမီးယားလိဂ်ပွဲထွက် ကစားသမားစာရင်းမှာ တပွဲသာ ပါဝင်ခွင့်ရရှိထားပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ အဆိုပါပွဲမှာလည်း ဗီအဲရာက ခြေစွမ်းပြနိုင်ခဲ့ကာ အသင်းအတွက် သွင်းဂိုးတဂိုးကို လှလှပပသွင်းယူပေးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က