မာတင်ကီအွန်က ပြောကြားခဲ့တာပါ။

အာဆင်နယ်ဂန္တဝင်နောက်ခံလူဟောင်း မာတင်ကီအွန်က ဟာလန်းကို သူ့အနေနဲ့ တားဆီးနိုင်စွမ်းရှိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မာတင်ကီအွန်မတိုင်ခင်က အီတလီဂန္တဝင်ကြီးဖြစ်တဲ့ နက်စတာက သူ့အနေနဲ့ ရော်နယ်ဒိုကြီး၊ စီရော်နယ်ဒို၊ မက်ဆီတို့နဲ့ ရင်ဆိုင်ခဲ့ဖူးတာကြောင့် ဟာလန်းကိုလည်း ရင်ဆိုင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ဖူးပါသေးတယ်။



လက်ရှိကစားသွားတဲ့ ဆောက်သမ်တန်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟာလန်းအသင်းအတွက် တဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၅) ဂိုးမြောက်ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး (၂၀) ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင်မှာလည်း မာတင်ကီအွန်က ဟာလန်းကို ဘယ်လိုမျိုး ပညာပြလို့ရတယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။

မာတင်ကီအွန်က “ကျနော်က ပြိုင်ဘက်နဲ့ ထိတွေ့လေ့ရှိတဲ့ နောက်ခံလူတယောက်ပါ။ နောက်ခံလူနှစ်မျိုးရှိတယ်ဗျ။ တမျိုးက သူ့ဘာသူ ဘောလုံးပဲကစားတယ်၊ ဖျက်ထုတ်တယ်။ ဒါပေမယ့် ကျနော်ကတော့ ပြိုင်ဘက်ကို အမြဲတမ်း ရင်ဆိုင်ချင်တဲ့လူမျိုးဗျ။ ဟာလန်းနားကိုကပ်ပြီး မင်းကစားတာ ဘယ်လောက်တောင်ဆိုးတာ ဘာညာပြောမယ်”


“မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားရမယ်၊ မင်းက ထိပ်ဆုံးရောက်နေဖို့ လိုအပ်ပေမယ့် ငါကတော့ မင်းကို တွန်းတိုက်ပေးလိုက်မှာဆိုတာမျိုးတွေကို ပြောပေးမှာပါ။ ကျနော်နဲ့တွေ့တဲ့အချိန်ကျ သူ ကျနော့်ဘေးနားမှာ ပတ်ပြေးနေရတာမျိုး ဒါမှမဟုတ် ကျနော့်ကို ကျော်ဖြတ်ပြေးနေရတာမျိုးဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့ဆီကို ဘောလုံးမရောက်လာလို့ပေါ့”

“အခုအခြေအနေက သူ့အတွက် အရမ်းကို လွယ်ကူအောင် လုပ်ပေးထားလွန်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်သွင်းဂိုး (၁၅) ဂိုးအထိ ရရှိထားပြီးဖြစ်တဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးထားတဲ့ ဆာလာ၊ ဆွန်ဟောင်မင်တို့ရဲ့ သွင်းဂိုး (၂၃) ဂိုးကို လိုက်မှီနိုင်ဖို့အတွက်လည်း (၈) ဂိုးသာ လိုအပ်ပါတော့တယ်။ 

Share

Loading Next Article...
က္က