ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုခဲ့တာပါ။

ဖူလ်ဟမ်အသင်းနည်းပြမားကို့ဆေးလ်ဗားက မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ခရစ္စကာဗန်နေ့ဂျ်နဲ့ဆို ဒီရာသီမှာကံကိုဆိုးနေခဲ့တာလို့ ညည်းတွားပြောဆိုလိုက်ပါတယ်။ ဖူလ်ဟမ်ဟာ ယူနိုက်တက်ကို အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့်လည်း ပွဲကစားချိန် မိနစ် ၇၀ မှာ ပင်နယ်တီသတ်မှတ်ပေးခဲ့တဲ့အပေါ် စောဒကတက်ခဲ့လို့ ဆေးလ်ဗားအထုတ်ခံခဲ့ရသလို ဒိုင်ကို သွားတွန်းခဲ့တဲ့ မီထရိုဗစ်လည်း အနီထိသွားခဲ့ပါတယ်။ 

ဝီလီယံကတော့ ဘောလုံးကို လက်နဲ့ပုတ်တယ်ဆိုကာ အနီပြခံခဲ့ရကာ ဖူလ်ဟမ်တို့ အနီကတ် ၃ ကတ်အထိ ပြသခံခဲ့ရပြီး ဒီပွဲကိုလည်း ၃-၁ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒိုင်လူကြီးက VAR ပြန်ကြည့်နေချိန်မှာ မားကို့ဆေးလ်ဗားက သွားရောက် စောဒကတက်ခဲ့တာဖြစ်ပြီး ဒီအတွက် အနီကတ်ပြသခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဆေးလ်ဗားက "ဒါကိုနားလည်ဖို့ဆိုတာ ကျနော်တို့အတွက် ခက်ခဲပါတယ်၊ ဒီဒိုင်လူကြီးနဲ့ဆိုရင် ကျနော်တို့ ဒီရာသီမှာ အရမ်းကို ကံဆိုးနေခဲ့တာပါ၊ ပြောစရာတွေအများကြီးပဲ၊ ဝက်စ်ဟမ်းကို ကျနော်တို့ အရေးနိမ့်ခဲ့တဲ့ ပွဲတုန်းကလည်း ရှင်းလင်းပြတ်သားတဲ့ လက်ထိဘော နှစ်ကြိမ်ရှိခဲ့ပေမယ့် ပင်နယ်တီမရခဲ့ဘူး၊ အဲဒီအမှားအတွက် တောင်းပန်ပါတယ်ဆိုတဲ့ စကားပဲ ရခဲ့တယ်"

"လိဒ်နဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲတုန်းကလည်း သူပဲ တာဝန်ယူခဲ့တာပါ၊ အခု ကွာတားဖိုင်နယ်မှာလည်း သူပဲ တာဝန်ယူရပြန်တယ်၊ မီထရိုဗစ်ကို လုခ်ရှော ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်ဆိုရင် သေချာပေါက်ကို ပင်နယ်တီပေးရမှာပါ၊ လုခ်ရှောက တွန်းခဲ့တာပါ။ ဒိုင်လူကြီးက ဒါကိုမြင်နိုင်တဲ့ နေရာမှာရှိခဲ့ပြီး VAR ကလည်း သေချာပေါက်ကို တွေ့မှာပါ၊ ဒါပေမယ့် တချက်လေးမှ ပြန်မစစ်ဆေးခဲ့ပါဘူး၊ ဘယ်သူကမှ ဒါကို ပြန်မကြည့်ချင်ခဲ့ဘူး"

"ဒါက ကွာတားဖိုင်နယ်မဖြစ်နိုင်ပါဘူး၊ နှစ်သင်းစလုံးမှာ တူညီတဲ့အနေအထားတွေ ရှိနေရမှာပါ၊ ပင်နယ်တီနဲ့ အနီကတ်တွေမထိခင်အထိ ကျနော်တို့က ပိုကောင်းခဲ့တာ ရှင်းပါတယ်၊ ပွဲကိုလွှမ်းမိုးထားတာပါ၊ မီထရိုဗစ်နဲ့ ကျနော်စကားပြောပြီးပါပြီ၊ သူ့ခံစားချက်ကို သူ မထိန်းနိုင်ခဲ့တာဖြစ်ပြီး အရမ်းကြီးဆိုးတယ်လို့ ကျနော်ကတော့ မထင်ဘူး၊" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က