အဲဗာတန်နဲ့ သရေကျအပြီးမှာ ပြောဆိုခဲ့တာပါ။

မေဆန်မောင့်ရဲ့ သွင်းဂိုးနဲ့ ချယ်လ်ဆီးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၄ မိနစ်အကြာမှာ ချေပဂိုးပြန်ပေးခဲ့ရလို့ နိုင်ပွဲပျောက်ခဲ့ကာ မန်စီးတီးနဲ့ လေးမှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ 


အဲဗာတန်နဲ့ တဂိုးစီသရေကျခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြတူချယ်လ်က သူ့အသင်းဆီကနေ ရမှတ်တွေ ရယူတာက လွယ်ကူလွန်းနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ စတန်းဖို့ဒ်ဘရစ်မှာ မေဆန်မောင့်ရဲ့ သွင်းဂိုးနဲ့ ချယ်လ်ဆီးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၄ မိနစ်အကြာမှာ ချေပဂိုးပြန်ပေးခဲ့ရလို့ နိုင်ပွဲပျောက်ခဲ့ကာ မန်စီးတီးနဲ့ လေးမှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ 



ချယ်လ်ဆီးအသင်းမှာ လူကာကူနဲ့ တီမိုဝါနာ၊ အိုဒွိုင်း၊ ချီဝဲလ်တို့ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ကိုင်ဟာဗက်ဇ်ကလည်း ရလဒ်ကို စောင့်ကြည့်နေရလို့ ကစားသမားအင်အားနည်းပါးခဲ့ပါတယ်။ ဒီအတွက် အဲဗာတန်နဲ့ပွဲအတွက် ပြင်ဆင်ရာမှာ အားနည်းချက်တွေရှိခဲ့ပြီး ချယ်လ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲအထိ ရမှတ်တွေလျော့ကျသွားခဲ့ရကာ အမှတ်ပေးဖလားရယူရေးမျှော်လင့်ချက်ကို ထိခိုက်လာခဲ့ပါတယ်။ 


အဲဗာတန်နဲ့ပွဲမှာ ချယ်လ်ဆီးအနေနဲ့ အနိုင်ရဖို့လုံလောက်ခဲ့လားဆိုတာကို တူချယ်လ်က "ဒါက ကျနော့်ခံစားချက်တခုတည်းမဟုတ်ဘူးလို့တော့ ထင်တယ်၊ ဒီပွဲမှာ အနိုင်ရသွားတာက တဦးတည်းရှိမယ်ထင်ပါတယ်၊ အရည်အသွေး၊ ရင်းနှီးမြှပ်နှံမှုနဲ့ အခွင့်အလမ်းတွေအများကြီး ကျနော်တို့အသာရခဲ့ပါတယ်၊ ဒါပေမယ့်လည်း အခုချိန်မှာ ကျနော်တို့ဆီကနေ ရမှတ်တွေယူသွားဖို့က အရမ်းလွယ်နေပါတယ်၊ အမှတ်တွေ ကျနော်တို့ အလဟသစွန့်လွှတ်ခဲ့ရပါတယ်"


"ပွဲကို ဦးဆောင်နိုင်ခဲ့သလို အရည်အသွးလည်းပြည့်၀ခဲ့ပြီး အခွင့်အရေးအများကြီးရခဲ့တာပါ၊ ဒီလိုမျိုးက ခဏခဏတွေ့နေရတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘာလို့ အခုလိုတွေဖြစ်နေလဲဆိုတာကိုတော့ ကျနော်မသိဘူး၊ အရင်ဦးဆုံး ဘာလို့လဲဆိုတာကို သိဖို့ လိုပါတယ်၊ နောက်ထပ်ဒီလိုတွေမဖြစ်ဖို့ သေချာလုပ်ရပါလိမ့်မယ်" လို့ ပြောဆိုသွားခဲ့ကြောင်း talkSport က ဖော်ပြခဲ့ပါတယ်။ 


"ကျနော်တို့ ကစားသမားအများကြီးဆုံးရှုံးခဲ့ရပါတယ်၊ ဒါပေမယ့် အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပြီး ပထမပိုင်းမှာကတည်းက ၂-၀ ၊ ဒါမှမဟုတ် ၃-၀ လောက်ဖြစ်ခဲ့သင့်တာပါ၊ မကစားနိုင်တဲ့ ကစားသမားတွေအကြောင်းပြောရတာ ကျနော်မပျော်ရွှင်ဘူး၊ ဒါပေမယ့် မန်စိးတီး၊ လီဗာပူးလ်တို့နဲ့ ကျွန်တော်တို့ကြားမှာကွဲပြားနေခဲ့ပြီး သူတို့က အင်အားအပြည့်အ၀အသုံးပြုနိုင်ခဲ့ပါတယ်" လို့ တူချယ်လ်က ထပ်ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က