အဲရစ်တန်ဟက်ခ်ကို ခန့်အပ်တဲ့ကိစ္စအပေါ် မော်ရင်ဟိုကို မေးမြန်းခဲ့တာပါ။

ယူနိုက်တက်က အဲရစ်တန်ဟက်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့အပေါ် မော်ရင်ဟိုက ခပ်ပြတ်ပြတ်ပဲ တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟို လက်ရှိကိုင်တွယ်နေတဲ့ ရိုးမားဟာ ဒီကနေ့ညမှာ ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် လက်စတာကို အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ရမှာပါ။



ဒီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်က မော်ရင်ဟိုကို အသင်းဟောင်း ယူနိုက်တက်က အဲရစ်တန်ဟက်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့အပေါ်မှာ မော်ရင်ဟိုအနေနဲ့ အဲရစ်တန်ဟက်ခ်ကို ဘာများအကြံပေးစရာရှိမလဲလို့ မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ ခင်ဗျား ပြောတဲ့အထဲမှာ ပါပြီးသားပဲလေ”

“အသင်းဟောင်းဆိုတာပေါ့။ ကျနော့်အသင်းမှ မဟုတ်တော့တာ။ ဒီတော့ ကျနော့်အတွက် ဘာမှအကြံပေးနေစရာမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ယူနိုက်တက်နဲ့အတူ ပထမဆုံးရာသီမှာတင် ကာရာဘောင်နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုနဲ့ယူနိုက်တက်တို့ရဲ့ လမ်းခွဲက တော်တော်လေး ခါးသီးခဲ့တယ်လို့ဆိုနိုင်ပြီး အသင်းမှာရှိတဲ့ ကစားသမားအများစုနဲ့ မော်ရင်ဟိုအကြား အကွဲအပြဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဖာဂူဆန်နောက်ပိုင်းမှာ မော်ရင်ဟိုက ယူနိုက်တက်နည်းပြတွေထဲ အအောင်မြင်ဆုံးနည်းပြအဖြစ်တောင် သတ်မှတ်လို့ရပါတယ်။

မော်ရင်ဟိုရဲ့ အခုပြောစကားအပေါ်မှာလည်း ပရိသတ်တွေက “ငါ ဒီလူကြီးကို တော်တော်သဘောကျနေပြီ” “မော်ရင်ဟိုကို ဘာမှအပြစ်တင်လို့မရပါဘူး။ ဒီမေးခွန်းရဲ့ အဓိကအချက်ကရော ဘာဖြစ်ချင်တာလဲ” “ငါ မော်ရင်ဟိုကို တကယ်လေးစားပါတယ်” အစရှိသဖြင့် မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

မော်ရင်ဟိုဟာ (၂၀၁၈) ဒီဇင်ဘာမှာ ယူနိုက်တက်ကနေ ထုတ်ပယ်ခံရပြီးနောက် စပါးကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေအကြောင်းကို ကောင်းကောင်းနောကျေနေသူပါ။ အဲ့ဒါကြောင့်လည်း သူ့ရဲ့အတွေ့အကြုံတွေက ဒီကနေ့ည လက်စတာနဲ့ပွဲမှာ အသုံးဝင်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က