အသင်းဖော်ဟောင်းဘန်ဇီမာကို အထူးတလည်ချီးမွမ်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ပွဲမှာ ရီးရဲလ်အတွက် နှစ်ဂိုးသွင်းပေးခဲ့တဲ့ ဘန်ဇီမာကို ဘလွန်းဒီအောဆုပေးလိုက်ပါတော့လို့ အသင်းဖော်ဟောင်းအိုဇေးလ်က ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ၄-၃ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ပြင်သစ်သားက ခြေစွမ်းပြခဲ့ကာ အသင်းကို နောက်တကျော့အတွက်မျှော်လင့်ချက်ရှိနေအောင် အသက်သွင်းပေးခဲ့တာဖြစ်ပါတယ်။ 

ဒီရာသီမှာ ဘန်ဇီမာက စုစုပေါင်းသွင်းဂိုး ၄၁ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ကာ ရော်နယ်ဒိုထွက်ခွာပြီးတဲ့နောက် ရီးရဲလ်အတွက် ဂိုးပေါင်း ၄၀ နဲ့ အထက်သွင်းယူနိုင်တဲ့ ပထမဆုံးရီးရဲလ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အိုဇေးလ်က သူ့ရဲ့တွစ်တာမှာ "ဘယ်လောက်တောင်မှ ကောင်းလိုက်တဲ့ပွဲလဲကွာ၊ ကျနော့်ကောင်ကြီး ဘန်ဇီကို ဘလွန်းဒီအောဆုပေးလိုက်ပါတော့" လို့ ရေးသားသွားခဲ့ပါတယ်။ 

ဘန်ဇီမာဟာ အရေးကြီးအချိန်မှာ ပင်နယ်တီကန်သွင်းခဲ့ရာမှာလည်း အေးဆေးတည်ငြိမ်မှုအပြည့်နဲ့ သွင်းယူခဲ့ပါတယ်။ Panenka ကန်ချက်နဲ့ ရယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြအန်ဆယ်လော့တီက ပွဲအပြီးမှာ "သူ ကန်သွင်းပုံပြောင်းလဲခဲ့တယထင်တယ်၊ ဘာလို့လဲဆိုတော့ သူ နောက်ဆုံးနှစ်ကြိမ်ကို လွဲချော်ခဲ့တယ်လေ၊ လေ့ကျင့်ကွင်းမှာ သူ ကြိုးစားနေခဲ့တာပါ"

"သူ ဘယ်လိုကန်သွင်းမလဲဆိုတာ ကျနော်မသိဘူး၊ သူက အဲဒီပုံစံကိုရွေးချယ်ခဲ့ပြီး တကယ်အလုပ်ဖြစ်ခဲ့ပါတယ်၊ စိတ်ပိုင်းဆိုင်ရာသန်မာပြီးတော့ ကောင်းမွန်တဲ့ အမူအကျင့်ပါပဲ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ ဒီလိုကန်သွင်းဖို့ဆိုတာက မလွယ်ကူပါဘူး" လို့ ချီးကျူးခဲ့ပါတယ်။ ဘန်ဇီမာကတော့ လာမယ့် ဒုတိယအကျော့ပွဲမှာလည်း ပဉ္စလက်ဆန်တဲ့အရာတွေ လုပ်ပြရမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က