သတင်းထောက်ကို ပြန်စားသွားခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါးလ်မားက ဆွစ်ဇာလန်နဲ့ ကစားမယ့်ပွဲမတိုင်ခင် အင်တာဗျူးမှာ သတင်းထောက်ကို အရွှန်းဖောက် နောက်ပြောင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ မနက်ဖြန်ညမှာ ဆွစ်ဇာလန်နဲ့ ယူရိုကွာတားဖိုင်နယ်အဖြစ် ရင်ဆိုင်ကစားရမှာပါ။



ဒီပွဲအတွက် အင်္ဂလန်တို့ ဖိအားများနေပြီး ဆွစ်ဇာလန်ကတော့ လက်ရှိချန်ပီယံ အီတလီကို ဖြုတ်ချခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းအရ အားအကောင်းဆုံး ဖြစ်နေပါတယ်။ ပါးလ်မားကတော့ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအတွက် အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပေမယ့် ဒီယူရိုမှာတော့ အရန်ကစားသမားအဖြစ်သာ သတ်မှတ်ခံထားရပါတယ်။


ပါးလ်မားဟာ လူစားဝင်ကစားသမားအဖြစ် (၂) ပွဲသာ ကစားထားရပါတယ်။ ဆွစ်ဇာလန်နဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ သတင်းထောက်က ပါးလ်မားရဲ့ပုံစံက ကွင်းထဲမှာ အတွေးလွန်နေတဲ့ပုံစံ ပေါက်နေတယ်ဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ပါးလ်မားက သတင်းထောက်အမျိုးသမီးကို “ခင်ဗျားက ကျနော့်ကို တလွဲတွေ ကစားနေတယ်လို့ ထင်နေတာလား” လို့ မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နှစ်ယောက်သားက ရယ်မောနေခဲ့ပြီး ပါးလ်မားကလည်း နောက်ပြောင်ရုံသက်သက် ပြောကြားခဲ့တာပါ။

ဆက်လက်ပြီးတော့ ပါးလ်မားက “ကျနော် နောက်တာပါ။ ခင်ဗျားပြောတာကို ကျနော် မသိဘူး။ ခင်ဗျား မှန်ရင်လည်း မှန်မှာပေါ့။ ဒါပေမယ့် ကျနော်ကတော့ ကစားခွင့်ရတဲ့အချိန်မှာ ဘာမှမစဉ်းစားဘူး၊ အကောင်းဆုံးဖြစ်ဖို့ကိုပဲ လုပ်စရာရှိတာ လုပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က