လူကာကူက သူ့ကို ကမ္ဘာ့အဆင့်လို့ မြင်စေဖို့ ဆန္ဒရှိနေတာပါ။

အင်တာမီလန်တိုက်စစ်မှူး လူကာကူကတော့ သူက နာမည်ကျော်တိုက်စစ်မှူးတွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ ဘန်ဇီမာ၊ ဆွာရက်ဇ်၊ ဟယ်ရီကိန်းတို့နဲ့ တတန်းတည်းမှာရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အသင်းဟောင်း အင်တာမီလန်ကို ပူပူနွေးနွေးပြောင်းရွှေ့ခဲ့သူပါ။



လူကာကူအနေနဲ့ အင်တာမီလန်ကို တရာသီအငှားစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး မိခင်ကလပ် ချဲလ်ဆီးပရိသတ်တွေအပြင် အခြားပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီကမှ အင်တာမီလန်ကနေ ချဲလ်ဆီးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့တရာသီလုံး အင်တာမီလန်တာဝန်ရှိသူတွေ၊ အသင်းဖော်ဟောင်းတွေနဲ့ အမြဲတမ်း အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ဖွင့်ဟထားပါတယ်။ လူကာကူဟာ သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ပရိသတ်တွေက ကမ္ဘာ့အဆင့်အဖြစ် မသတ်မှတ်ထားတဲ့အပေါ်မှာလည်း ခံစားချက်အချို့ရှိနေပုံပါ။

ဒါနဲ့ ပတ်သက်လို့ လူကာကူက “လူတွေက လီဝန်ဒေါစကီး၊ ဘန်ဇီမာ၊ ဆွာရက်ဇ်၊ ဟယ်ရီကိန်းတို့အကြောင်းပြောရင် သူတို့ကို ကမ္ဘာ့အဆင့် ကစားသမားတွေဆိုပြီး ပြောလေ့ရှိပါတယ်။ ကျနော့်အကြောင်းပြောရင်လည်း သူတို့က ကျနော့်ကို အမြဲတမ်း “ပုံစံကောင်း” မှာရှိတယ်လို့ ပြောကြတာပဲလေ။ ဒီတော့ လီဝန်ဒေါစကီးတို့အုပ်စုထဲမှာ ကျနော်လည်း ပါတာပေါ့” လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ရာသီတလျှောက် ပြိုင်ပွဲစုံမှာ ချဲလ်ဆီးအတွက် သွင်းဂိုး (၁၅) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မီဒီယာတွေက ချဲလ်ဆီးအနေနဲ့ လူကာကူရဲ့ သွင်းဂိုးတဂိုးအတွက် ပေါင် (၆) သန်း ကုန်ကျခဲ့တယ်လို့ တွက်ချက်ပြခဲ့ပါတယ်။ ချဲလ်ဆီးဟာ လူကာကူကိုခေါ်ယူခဲ့တုန်းက ပေါင် (၉၇.၅) သန်း အသုံးပြုခဲ့ရတာဖြစ်ပါတယ်။  

Share

Loading Next Article...
က္က