ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူးကို စွပ်စွဲပြစ်တင်ထားတာနဲ့ပတ်သတ်ပြီး ဒီကနေ့ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ စွပ်စွဲပြစ်တင်မှုကို ထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ပုံမှာ ၄ ပုံ ရှိခဲ့တယ်လို့ သိရပါတယ်။

 ဒါဟာ ဝန်ကြီးချုပ်ကို လက်ရှိရာထူးကနေ ရပ်စဲဖို့အတွက် လွှတ်တော် ဥက္ကဋ္ဌကနေ နိုင်ငံတော်သမ္မ္မတီဆီကို တင်ပြရမှာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ခူးသဲရယ်က ပြောပါတယ်။


" ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှုကို မဲခွဲဆုံးဖြတ်တော့ ကိုယ်စားလှယ် ၂၀ မှာ ၁၆ ယောက်က ထောက်ခံတယ်။ ဒါကြောင့် ဝန်ကြီးချုပ် ဥကယပဒေကိုကျူးလွန်ကြောင်း၊ စွပ်စွဲပြစ်တင်မှုကိုလွှတ်တော်ကအတည်ပြုလိုက်ပြီဖြစ်တယ်။ ဒါဟာ တိုက်ရိုက်ပြောရရင် ဝန်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်တာပါ။ဒါပေမယ့် အဆင့်တွေတော့ ထပ်ရှိသေးတာပေါ့။ နောက်ဆုံး သမ္မတကပဲ ဝန်ကြီးချုပ်ကို တာဝန်က ရပ်စဲဖို့ လုပ်ရမယ်လို့ ဥပဒေမှာပြဋ္ဌာန်းထားတယ်"လို့ ခူးသဲရယ်က ပြောပါတယ်။

ဓာတ်ပုံ - ကယားပြည်နယ် အစိုးရအဖွဲ့

ဝန်ကြီးချုပ် အယ်ဖောင်ရှိုးဟာ လွှတ်တော်ကနေ အတည်ပြုထားတဲ့ ကယားပြည်နယ်နေ့ကျင်းပဖို့ သတ်မှတ်ပေးထားတဲ့မြေနေရာ ကို ပုဂ္ဂလိကကို ငှါးရမ်းထားခြင်း၊ စက်ယန္တရား ဝယ်ယူမှု ပွင့်လင်းမြင်သာမရှိခြင်းတွေဟာ ဥပဒေကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်တာကြောင့် လက်ရှိတာဝန်ကို ဆက်ထမ်းဆောင်ဖို့မသင့်ဘူးဆိုပြီး စွပ်စွဲခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ သက်ဆိုင်ရာ ဌာန ၊ တာဝန်ရှိသူ စစ််ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဝန်ကြီးချုပ်ကိုလည်း စစ်ဆေးဖို့ ခေါ်ယူခဲ့ပေမယ့် ကိုယ်စားလှယ်သာရောက်လာခဲ့ပြီး စွပ်စွဲဲဲဲပြစ်တင်မှုနဲ့မဆိုင်တဲ့ကိစ္စတွေကိုသာ ရှင်းလင်းပြောဆိုတဲ့အတွက် စုံစမ်းစစ်ဆေးမှုကို ရပ်နားပြီး အစီရင်ခံစာကို သြဂုတ်လ ၂၈ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌဟာ အဲ့ဒီ အစီရင်ခံစာကို ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် ၁၈ ကြိမ်မြောက် ပထမနေ့မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က