ကယားပြည်နယ်မှာတော့ ပိုးတွေ့လူနာတစ်ဦးမျှ မရှိပါဘူး။

လွိုင်ကော်မှာ သတ်မှတ်စည်းကမ်းနဲ့ညီတဲ့ စားသောက်ဆိုင် ၁၀ဆိုင် ပြန်လည်ဖွင့်လှစ်ခွင့်ရနေပြီလို့လည်း သိရပါတယ်။

ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ကာလအတွင်း ပါဆယ်စနစ်နဲ့ ရောင်းချခွင့်ပြုထားခဲ့တဲ့ စားသောက်ဆိုင်တွေကို အခုအခါမှာ တော့ ဆိုင်ထိုင်စားသောက်ခွင့်ပြုစေခဲ့ပြီလို့ သိရပါတယ်။

ဆိုင်ထိုင်စားသောက်ခွင့်ပြုရာမှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ သတ်မှတ်လမ်းညွှန်ချက် စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ဖို့လည်း လိုပါတယ်။

“ကျွန်တော်တို့ လက်ရှိမှာတော့ စားသောက်ဆိုင် လိုင်စင်ရှိတဲ့ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုထားပါတယ်။အဲဒီလို ပြုရာမှာတော့ သတ်မှတ်စည်းကမ်းနဲ့အညီ ဆောင်ရွက်ဖို့လည်း မှာကြားထားပြီးပါပြီ။၁ ၀ရက်အချိန်ပေးပြီး အဲ့ဒီရက်အတွင်းမှာ အပြီးသတ် လုပ်ဆောင်နိုင်ရင် ဖွင့်ခွင့်ရပါတယ်။စားသောက်ဆိုင်လိုင်စင်ရှိထားတဲ့ ဆိုင်တွေအားလုံး သတ်မှတ်ချက်အတိုင်းညီရင် ပြန်ဖွင့်ခွင့် ပြုတာပါ။ KTV တွေကတော့ ဖွင့်လို့မရသေးပါဘူး။ သူကတော့ လူစုလူဝေးဖြစ်နိုင်ပါတယ်။”လို့ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက Duwunကို ပြောပါတယ်။

လက်ရှိ ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ သတ်မှတ်စည်းကမ်းနဲ့ညီညွတ်ပြီဖြစ်တဲ့ စားသောက်ဆိုင် ၁၀ ဆိုင်ကို ဖွင့်ခွင့် ပေးထားပြီး ဖြစ်ကြောင်းနဲ့ ပြင်ဆင်မှုများပြီးစီးဖို့ လိုသေးတဲ့ စားသောက်ဆိုင်တွေလည်း ကျန်ရှိနေသေးကြောင်း သိရပါတယ်။

ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ကယားပြည်နယ်က လက်ရှိအချိန်ထိ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ တစ်ဦးမျှ မရှိ‌သေးတဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။ 

ကယားပြည်နယ်က ပြည်တော်ပြန်တွေကို တော့ ပညာရေးကောလိပ်မှာ ကွာရန်တင်းစင်တာ ထားရှိပြီး အသွားအလာကန့်သတ်လျက်ရှိတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံက ပြန်လာသူတွေများပြီး မေလ ၂ရက်နေ့ကစတင်ကာ ပြန်လည်ရောက်ရှိလာသူ ၆၂ဦးရှိရာမှာပထမအသုတ် ၁၆ဦးမှာ ရောဂါပိုးမရှိဘူးလို့ သိထားရပြီး ဒုတိယအသုတ် ၁၂ဦးရဲ့ ဆေးစစ်အဖြေကိုတော့ စောင့်ဆိုင်းနေဆဲဖြစ်ကာ တတိယ အသုတ် ၃၄ဦးရဲ့ ဓာတ်ခွဲနမူနာကိုလည်း ဆက်လက်ပေးပို့ဖို့ ကျန်ရှိနေသေးတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က