လီဗာပူးလ်တို့ ယူရိုပါလိဂ်ဝင်ခွင့်ရတာကိုပါ ဖဲ့သွားသလိုပါပဲ။

ဘောလုံးပွဲ ဝေဖန်သုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ မီကာရစ်ချတ်ကတော့ သူနဲ့အတူ တင်ဆက်နေတဲ့ ဂျင်မီကာရေဂါကို ကြာသပတေးနေ့ညမှာပဲ တင်ဆက်သင့်တယ်လို့ နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ ကာရေဂါရဲ့ အသင်းဟောင်း လီဗာပူးလ်တို့ ယူရိုပါလိဂ်ဝင်ခွင့်ပဲရတာကို လှောင်ပြောင်ခဲ့တာလို့ ယူဆချင်စရာလည်း ဖြစ်ခဲ့ရပါတယ်။ 

ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် ကာရေဂါ၊ မီကာရစ်ချတ်၊ အွန်နရီနဲ့ ကိတ်အက်ဘ်ဒိုတို့က အတူတူဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ မန်စီးတီးနဲ့ ရက်ဒ်စတားဘဲဂရိတ်တို့ပွဲမတိုင်ခင် ကစားခဲ့တဲ့ အေစီမီလန်နဲ့ နယူးကာဆယ်ပွဲအကြောင်းကို ဆွေးနွေးနေချိန်မှာ မီကာရစ်ချတ်က အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။ 

"ငါတခုလောက် အကိုးအကားလုပ်လို့ရမလား၊ ငါတို့ ငါးနာရီလောက် တင်ဆက်ခဲ့ကြတယ်၊ ဒါတောင်မှ ကြာသပတေးညတ​ွေမှာ ကာရေဂါ လုပ်နေသလို စိတ်အားထက်သန်မှုမျိုးလောက်တောင်မှ မရှိဘူး" လို့ မီကာရစ်ချတ်က ပြောဆိုခဲ့ပါတယ်။ 

ဒီပြောဆိုမှုကို ကာရေဂါကလည်း "မင်း ဗုဒ္ဓဟူးနေ့မှာ လုပ်မယ်ဆိုရင် ငါ ကြာသပတေးနေ့မှာ လုပ်ရမှာပေါ့" လို့သာ ပြန်တုံ့ပြန်နိုင်ခဲ့ပြီး အောင့်သက်သက်ဖြစ်ခဲ့မှာ သေချာပါတယ်။ လီဗာပူးလ်ဟာ ယူရိုပါလိဂ်မှာ LASK နဲ့ အဖွင့်ပွဲကစားရမှာဖြစ်ပြီး ကာရေဂါအနေနဲ့ သူ့အသင်းဟောင်း ချန်ပီယံလိဂ်ပွဲတွေ ကစားတာကို ဒီရာသီမှာ ကြည့်ရတော့မှာမဟုတ်ပါဘူး။ 

Share

Loading Next Article...
က္က