လာမယ့်ရာသီဟာ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားရဲ့ နှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ ထွက်ကစားနေတဲ့ ဟန်နီဘယ် မက်ဂျ်ဘရီဟာ ဘာမင်ဟမ်စီးတီးနဲ့ ဝက်စ်ဘရွန်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူပြီး မှော်ဆန်တဲ့အခိုက်အတန့်ကို ပြုလုပ်ပြခဲ့ပါတယ်။

ဟန်နီဘယ် မက်ဂျ်ဘရီဟာ သောကြာနေ့က ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ဝက်စ်ဘရွန်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာမင်ဟမ်အသင်းအတွက် ဖြတ်ထိုးဉာဏ်သုံးပြီး အလွန်ကောင်းမွန်တဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၁၀ မိနစ်မှာ အလွတ်တည်ကန်ဘောကန်သွင်းဖို့အတွက် ပြင်ဆင်နေချိန်မှာ အသက် ၂၀ အရွယ် မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့်က ဝက်စ်ဘရွန်းဂိုးသမား ဒေးဗစ် ဘက်တန်နဲ့ ဂိုးတိုင်နဲ့ကြားမှာ ကြီးမားတဲ့ ဟာကွက်ကြီး ရှိနေတာကို မြင်တွေ့ခဲ့တာဖြစ်ပြီး တူနီးရှားကွင်းလယ်ကစားသမားက အဲဒါကို အခွင့်ကောင်းယူပြီး ညာခြေနဲ့ ဝိုက်ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။



လူမှုကွန်ရက်ပေါ်က မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မက်ဂျ်ဘရီရဲ့ သွင်းဂိုးကို နှစ်သက်ခဲ့ကြပြီး လာမယ့်ရာသီဟာ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားရဲ့ နှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ "ကောင်းလိုက်တဲ့ဂိုး ဟန်နီဘယ် မက်ဂျ်ဘရီ။ လာမယ့်ရာသီက သူ့ရဲ့ရာသီပဲ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ရာသီကုန် သူ ပြန်လာတဲ့အချိန်ကျရင် အသင်းက ဘာဆုံးဖြတ်လဲမဆိုတာ စိတ်ဝင်စားစရာ ကောင်းလာတော့မယ်"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မက်ဂျ်ဘရီဟာ ဘာမင်ဟမ်အသင်းရဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးကိုလည်း ထောင့်ကန်ဘောကနေတဆင့် ဖန်တီးပေးပို့နိုင်ခဲ့တာဖြစ်ပြီး ဘီလစ်က ခေါင်းတိုက်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အစွမ်းကုန်တောက်ပဖို့ အရှိန်ယူနေတဲ့ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီ လိဂ်ပွဲ ၂၄ ပွဲ ပါဝင်ကစားပေးထားပြီး ၂၀၂၁ ခုနှစ် မေလက ဝုလ်ဗ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ စီနီယာပွဲဦးထွက်ခွင့် ရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

Share

Loading Next Article...
က္က