ရော်နယ်လ်ဒိုဟာ ချစ်သူဖြစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်၊ ၎င်းရဲ့သားသမီးတွေနဲ့ တက်ရောက်သွားမှာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ် နက်ဆာကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ပွဲအခမ်းအနားကို ပရိသတ်ပေါင်း ၉၀၀၀၀ က တက်ရောက်ကြည့်ရှုသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ဆော်ဒီ အာရေဗျကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ယခုအပတ်မှာ အသင်းသစ်နဲ့အတူ လေ့ကျင့်ရေး စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့အပတ်မှာ ဆော်ဒီ အာရေဗျအသင်းနဲ့ ကြီးမားတဲ့ငွေကြေးပမာဏနဲ့အတူ ၂ နှစ်ခွဲ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး ယနေ့ aka King Saud တက္ကသိုလ်ကွင်းမှာ ပရိသတ်ပေါင်း ၉၀၀၀၀ အထိ ရှိနေမှာဖြစ်တယ်လို့ ဖာရစ်ရှ် အယ်လ်ဟာလိုက COPE ကို ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အင်္ဂါနေ့(ယနေ့) ဒေသစံတော်ချိန် ည ၇ နာရီမှာ ထုတ်ဖော်မိတ်ဆက်သွားမှာဖြစ်ပြီး ဒီအခမ်းအနားကို ဆော်ဒီအားကစားကုမ္ပဏီက တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ အယ်လ် နက်ဆာ ဥက္ကဌ မူဆယ်လီ အယ်လ်-မူအမ်မာနဲ့ နည်းပြ ရူဒီ ဂါစီယာတို့ဟာ မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်သွားမယ်လို့ မျှော်လင့်ရပြီး ရော်နယ်လ်ဒိုဟာ ချစ်သူဖြစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်၊ ၎င်းရဲ့သားသမီးတွေနဲ့ တက်ရောက်သွားမှာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းမှာ တစ်ရာသီကို ယူရိုသန်း ၂၀၀ ရရှိမယ့် စာချုပ်ကို သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဂျာလိုလစ်ဒင် မာရှာရီပေါ့ဗ်က ပေါ်တူဂီကြယ်ပွင့် ဝတ်ဆင်ဖို့အတွက် ကျောနံပါတ် ၇ ကို စွန့်လွှတ်ပေးဖို့ ဆုံးဖြတ်ပြီးနောက် ကျောနံပါတ် ၇၇ ကို ရယူခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က