ဒလမြို့နယ်က ကျုးကျော်နေရာတစ်ခုက မိဘမဲ့ဂေဟာလေးပါ။

မှီခိုအားထားရာမရှိတော့တဲ့ မိဘမဲ့ကလေးတွေကို ကျုးကျော်မြေပေါ်မှာပဲ စောင့်ရှောက်ကျွေးမွေးလာတာ နှစ်ပေါင်း ၂၇ နှစ်ကျော်ကြာပြီလို့ ငြိမ်သက်ခြင်းဂေဟာ(Calvary Peace Center-CPC) တည်ထောင်သူ ဦးရောဘတ်က ပြောပါတယ်။


ဒလမြို့နယ်က ကျုးကျော်နေရာတွေမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ပြောင်းရွှေ့နေထိုင်ပြီးတော့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ကျွေမွေးပေးတဲ့အပြင် ချို့တဲ့ တဲ့ ကလေးတွေကိုပါ အင်္ဂလိပ်စာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့ ကျုးကျော်မှာနေ‌နေရတာ၊ ဒါပေမဲ့ ကျွန်တော််တို့ရဲ့အဓိကရည်ရွယ်ချက် ကစာတတ်မြောက်ရေးဘဲ ၊ကျောင်းထားပေးထားတာ ၂၈ ယောက်ရှိတယ်။ ပြီးတော့ အပြင်ကလေးတွေကိုပါ ခေါ်ပြီး အင်္ဂလိပ်စာသင်ပေးတယ်။ အဲဒီထဲက ခက်ခဲတဲ့ ကလေးတွေကိုပါ နေ့လယ်စာကျွေးပါတယ် " လို့ ဦးရောဘတ် ကပြောပါတယ်။

၂၇ နှစ်ကြာ မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပညာသင်ကြားရင်း အခုချိန်မှာတော့ မိဘမဲ့ကလေး ၄၂ ယောက်ကို လက်ခံစောင့်ရှောက်ထားပြီး‌တော့ ၈ တန်းကျောင်းသားနှစ်ယောက်ကိုလည်း ကျောင်းထားပေးပါသေးတယ်။

"တစ်နှစ်အောက်ကလေး ၂ ယောက်ရှိတယ် ၊ ကလေးကိစ္စတွေလည်းလုပ်ပေးတယ် ကျောင်းသွားတက်တဲ့ကလေးတွေကိုလည်း ထမင်းဘူးပို့တာတွေ လုပ်ပေးတယ်၊ ကြက်ဥကြော်လောက်မထည့်ပေးရင် မျက်နှာငယ်မယ်၊ သူတို့လေးတွေ ရှိတဲ့နေ့ဆိုရင်တော့ ကြက်သားထည့်ပေးပါတယ်" လို့ ဦးရောဘတ် ကပြောပါတယ်။

အခု‌ ဂေဟာမှာတော့ ဦးရောဘတ် အပါအဝင် အကူနှစ်ယောက် က လာရောက်ကူညီပေးနေပြီးတော့ အင်္ဂလိပ်စာသင်ကြားဖို့အတွက်လည်း ပြင်ပဆရာတစ်ယောက်က ကူညီပေးနေတဲ့ လို့ သိရပါတယ်။


လွန်ခဲ့တဲ့ ၂၇ နှစ်က ရှမ်းပြည်က မိဘမဲ့ကလေး ၆ယောက်ကို ကယ်တင်စောင့်ရှောက်လာရာကနေ စတင်ပြီးတော့ အခုချိန်ထိ မိဘမဲ့ကလေးတွေကိုစောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။

"လားရှိုးက စတယ်။ စတုန်းကဆို ပုဆိုးပေါင်လိုက်တယ်။ မရှိရင်ပြေးပြီးပေါင်ပဲ။ အများကိုချပြမယ်မသိဘူး။ နောက်ပိုင်း ဒလ ဘက်ရောက်မှာ အများပြည်သူက သိပြီးလာလှူကြတာ။ နေဖို့မရှိတာကတော့ ကျွန်တော်က ဘယ်သူကိုပြောရမှန်းမသိဘူး။ ဘယ်လိုမှမလုပ်တတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်ဘာသာပဲဖြစ်ဖြစ်လာခဲ့၊ ကျောင်းထားပေးတယ်၊ ရှိတာနဲ့စားမယ်။ family lifestyle ပေါ့ ‌" လို့ ဦးရောဘတ် ကပြောပါတယ်။

ဒလမြို့နယ်က ကျုးကျော်နေရာတွေ ပြောင်းရွှေ့နေလာပြီးတော့ အခု ‌၆ နေရာ ‌မြောက် ဖြစ်တဲ့ ဒလ အောင်တော်မူဘုရားနောက် ဘက်ခြမ်းက ကျုးကျော်မှာ လေးနှစ်ကျော်ကြာ နေထိုင်နေတာလည်း ဖြစ်ပါတယ်။

အကူညီလိုအပ်နေတဲ့ ကလေးမည်သူမဆို လာရောက်နေထိုင်လို့ရသလို ကျောင်းထားပေးမှာဖြစ်ပြီးတော့ ကျောင်းစာသင်ပေးမယ့် လုပ်အားပေး ဆရာဆရာမတွေလည်း လာရောက်ကူညီကြဖို့ တောင်းဆိုထားပါတယ်။


အလွတ်တန်းသတင်းထောက် ပိုင်ထက် ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က