ဒီညဖိုင်နယ်မတိုင်ခင် ဆန်ချိုက ပြောခဲ့တာပါ။

ယူနိုက်တက်ကနေ ဒေါ့မွန်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆန်ချိုက သူ့ကို ဘယ်သူကမှ ချန်ပီယံလိဂ်ဖိုင်နယ် တက်နိုင်မယ်လို့ မထင်ခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။ ဆန်ချိုဟာ ဒီနေ့ညမှာ ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို ကစားရမှာပါ။



ဒေါ့မွန်ဟာ ပီအက်စ်ဗွီ၊ အက်သလက်တီကို၊ ပီအက်စ်ဂျီတို့ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်လာခဲ့တာပါ။ ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ချန်ပီယံလိဂ်ဖလား (၁၄) ကြိမ်ရထားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေတာကြောင့် ဒေါ့မွန်တို့ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းမစားသည့်တိုင် အခွင့်အရေးကတော့ ဆတူနီးပါးရှိနေပါတယ်။ ဆန်ချိုကလည်း “တစ်ယောက်ယောက်က ဒါကို ဖြစ်လာမယ်လို့ မျှော်လင့်ထားမယ် မထင်ပါဘူး။ ကျွန်တော် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်နိုင်ခဲ့တာကိုပေါ့”

“ကျွန်တော် အရမ်းကို ပျော်ရွှင်နေပါတယ်။ ကျွန်တော်က တစ်ပွဲချင်းစီအတွက် အကောင်းဆုံးအလုပ်လုပ်နေပြီး တစ်ယောက်တည်းလည်း အပိုလေ့ကျင့်ခန်းတွေကို ပြုလုပ်နေပါတယ်။ ကျွန်တော် လုပ်သမျှက အသင်းအတွက်ပါ။ အသင်းကိုရော၊ အသင်းဝန်ထမ်းတွေကိုရော ကျေးဇူးတင်ပါတယ်”

“သူတို့က ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်မှာ နည်းပြ တန်ဟက်ခ်နဲ့ ပြဿနာတက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းဟောင်း ဒေါ့မွန်ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က