မိုင်နူးက အင်္ဂလန်မှာပါ ခြေစွမ်းပြခဲ့တာပါ။

အင်္ဂလန်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးက အင်္ဂလန်အသင်းဖော် ကိုဘီမိုင်နူးနဲ့ ပတ်သက်လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ မိုင်နူးဟာ ဒီရာသီမှာမှ ယူနိုက်တက်အသင်းကြီးအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရခဲ့ပြီး အင်္ဂလန်မှာပါ ရွေးချယ်ခံခဲ့ရတာပါ။



အင်္ဂလန်နဲ့ ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း မိုင်နူးက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အဆိုပါပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ အဆိုပါပွဲမှာ တိုနေးရဲ့ ပင်နယ်တီသွင်းဂိုးအစပြုဖို့အတွက် အကောင်းဆုံး ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

မိုင်နူး ပေးပို့လိုက်တဲ့ ဘောလုံးကို ဘယ်လင်ဟမ်က တိုနေးဆီကို ပေးပို့ရာကတစ်ဆင့် တိုနေးကို ဘယ်လ်ဂျီယံနောက်ခံလူက ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရတာပါ။ ဒီပင်နယ်တီကို တိုနေးက အမှားအယွင်းမရှိ ကန်သွင်းပြီး ဂိုးရရှိခဲ့ပါတယ်။

ဒီလိုမျိုး မိုင်နူးနဲ့ပတ်သက်လို့လည်း တိုနေးက “ကျွန်တော့် အသက် (၁၈) နှစ်အရွယ်တုန်းက Xbox ဂိမ်း ဆော့နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိုင်နူးကတော့ ဒီအရွယ်မှာ လူကြီးတစ်ယောက်ဖြစ်နေပြီး အင်္ဂလန်အတွက်ပါ ကစားပေးနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

မိုင်နူးဟာ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအထိန်းအသိမ်း၊ ပေးပို့မှုတွေ၊ လှုပ်ရှားမှုတွေက အရွယ်နဲ့မလိုက်အောင်ကို တော်တော်လေး သပ်ရပ်ကောင်းမွန်နေပါတယ်။ လက်ရှိခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် မိုင်နူးတစ်ယောက် လာမယ့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးနဲ့ လိုက်ပါခွင့်ရရှိနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က