အင်တာမီလန်က ပထမအကျော့မှာ နှစ်ဂိုးပြတ်နိုင်ထားတာပါ။

အင်တာမီလန်နည်းပြ အင်ဇာဂီကတော့ ဒီနေ့ညမှာ ကစားမယ့် အေစီမီလန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အတွက် ပထမအကျော့က ရလဒ်ကို ကာကွယ်ကစားသွားမှာမဟုတ်ဘဲ ရင်ဆိုင်သွားဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။ အင်တာမီလန်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ခြေတစ်ဖက်နင်းထားတဲ့ အသင်းတစ်သင်းပါ။



ပထမအကျော့မှာ အင်တာမီလန်တို့ ဂျက်ကို၊ မီခီတာရန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲရဲ့ ပထမပိုင်းမှာတင် အင်တာမီလန်တို့ ဒီ့ထက် ဂိုးပိုရနိုင်ခဲ့ပေမယ့် ကံဆိုးခဲ့တာကြောင့်သာ ပွဲပြီးတဲ့အထိ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့တာပါ။

အဲ့ဒါကြောင့်လည်း အင်တာမီလန်တို့ ဒုတိယအကျော့မှာ သရေရလဒ်ရရှိရုံနဲ့ ကာလတစ်ခုအကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အင်ဇာဂီက “ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခံစစ်မှာ ထိုင်ကစားမှာ မဟုတ်ပါဘူး”

“အင်တာမီလန်ရဲ့ ပုံစံအတိုင်း ကစားသွားမှာဖြစ်ပြီး အကောင်းဆုံးပုံစံပြသနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပရိသတ်တွေနဲ့အတူတူ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာတောင် အားလုံးအတူတကွ ရှိခဲ့ပါတယ်။ ဒုတိယအကျော့မှာ ကျွန်တော်တို့ ခေါင်းအေးအေးထားပြီး နွေးထွေးတဲ့နှလုံးသားနဲ့ ကစားရပါမယ်။ ဒါကပဲ ပြိုင်ပွဲကစားရမယ့် တစ်ခုတည်းသော နည်းလမ်းတစ်ခုပါ”

“အခုပွဲက အင်တာမီလန်သမိုင်းအတွက် အရေးအကြီးဆုံးပွဲတွေထဲက တစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းရှိနေတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို ကြည့်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းမှာ တောင့်တင်းတဲ့ တိုက်စစ်ပိုင်းရှိတာကို သိထားပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က