လီဗာပူးလ်အသင်းက ပြင်သစ်တိုက်စစ်မှူးအတွက် တစ်ခုတည်းသော ရွေးချယ်စရာအဖြစ်ရှိနေတယ်လို့ Marca က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တစ်ချိန်တုန်းက ခီလီယန် အမ်ဘာပေကို လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ တံခါးဖွင့်ပေးထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပုံမှန်စွမ်းဆောင်ရည်အောက်ကျဆင်းနေတဲ့ ခြေစွမ်း၊ သက်ကြီးကစားသမားတွေများနေတဲ့ ကွင်းလယ်နဲ့ အဆုံးသတ်ညံ့ဖျင်းတဲ့တိုက်စစ်တို့ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ ခီလီယန် အမ်ဘာပေဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဆိုတာ အငြင်းပွားစရာမရှိဘဲ မကြာသေးမီက ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးအနေနဲ့ လက်ရှိ လီဗာပူးလ်အသင်းရဲ့အခြေအနေကြောင့် ပြောင်းရွှေ့လာချင်မှာမဟုတ်ဘူးလို့ ခံစားရပေမယ့်လည်း အမ်ဘာပေသာ ပီအက်စ်ဂျီကို စွန့်ခွာမယ်ဆိုရင် အန်းဖီးက ပြောင်းရွှေ့နိုင်ခြေရှိတဲ့နေရာအဖြစ် ရှိခဲ့ဖူးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ပြင်သစ်ချန်ပီယံတွေက အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းကို ရောင်းချလိုခြင်းမရှိတာကြောင့် လီဗာပူးလ်အသင်းက ပြင်သစ်တိုက်စစ်မှူးအတွက် တစ်ခုတည်းသော ရွေးချယ်စရာအဖြစ်ရှိနေတယ်လို့ Marca က ဖော်ပြခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ The Athletic ကလည်း ပီအက်စ်ဂျီဟာ ရီးရဲလ်မက်ဒရစ်ကို အမ်ဘာပေ ပြောင်းရွှေ့မှာကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့ပြီး လီဗာပူးလ်အသင်းဆီကိုပဲ ရောင်းချချင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးမှာ အတိုင်ပင်ခံအဖြစ် လုပ်ဆောင်နေတဲ့ အန်တဲရိုး အန်နရီကေးရဲ့ ပြောကြားချက်အရ ဇူလိုင်လမှာ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ထွက်ခွာဖို့အတွက် တံခါးဖွင့်ပေးထားခဲ့တယ်ဆိုပေမယ့်လည်း လီဗာပူးလ်အသင်းကိုသာ ထွက်ခွာခွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပြီး ပီအက်စ်ဂျီဥက္ကဌ နက်ဆာအယ်လ်ခါလီဖီက ပြောင်းရွှေ့ကြေးကိုယူရိုသန်း ၄၀၀ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။


အမ်ဘာပေက အဲဒီရွေးချယ်စရာကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းကိုသာ ပြောင်းရွှေ့ချင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က