လီဗာပူးနဲ့ပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်စ်က ပရိသတ်ကို ကြက်ကြော်ကျွေးသွားခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲအပြီး ကွင်းထဲကနေအထွက်မှာ အပြင်မှာစောင့်ဆိုင်းနေတဲ့ ပရိသတ်တယောက်ကို ကြက်ကြော်ကျွေးသွားခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါဗီဒီယိုထဲမှာ ဘရူနိုဖာနန်ဒက်စ်က လက်ထဲမှာကြက်ကြော်ဘူးတဘူးကို ကိုင်ဆောင်ပြီး အသင်းဘတ်စ်ကားဆီ သွားရောက်ခဲ့ပါတယ်။



ဒီလိုမျိုး သွားရောက်တဲ့လမ်းမှာ ဘရူနိုဖာနန်ဒက်စ်က သူ့ကိုစောင့်ဆိုင်းနေတဲ့ ပရိသတ်တွေထဲက တယောက်ကို “ခင်ဗျား ကြက်ကြော်စားမလား? တခုယူပါဗျာ” လို့ ပြောပြောဆိုဆိုနဲ့ ကြက်ကြော်ကျွေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကလည်း ဝမ်းသာအားရနဲ့ပဲ ဘရူနိုဖာနန်ဒက်စ်ကျွေးတဲ့ကြက်ကြော်တွေထဲက တခုကို ယူထားလိုက်ပါတယ်။ ဘရူနို ကြက်ကြော်ပေးခဲ့တဲ့ ပရိသတ်က United View YouTube Channel ရဲ့ KG လို့ လူသိများတဲ့သူတယောက်လည်းဖြစ်ပါတယ်။


အဲ့ဒီနောက်မှာတော့ ဘရူနိုဖာနန်ဒက်စ်လည်း ကျေနပ်သွားဟန်ရှိပြီး ရယ်ရယ်မောမောနဲ့ပဲ အသင်းဘတ်စ်ကားဆီကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဘရူနိုဖာနန်ဒက်စ်တယောက် ကွင်းထဲမှာတင် ဂိုးဖန်တီးပေးနေတာမဟုတ်ဘဲ ကွင်းပြင်မှာပါ ပရိသတ်အတွက် ကြက်ကြော်တွေ ဖန်တီးပေးနေပြီလို့ ဟာသလုပ်နောက်ပြောင်နေကြပါတယ်။

“ဘရူနိုက ပရိသတ်အတွက် ဖန်တီးမှုအချို့ ပြုလုပ်ပေးခဲ့ပါပြီ” “ဘရူနိုရဲ့ ဂိုးဖန်တီးမှု နောက်တခုပေါ့” လို့ အစရှိသဖြင့် ပရိသတ်တွေက အမျိုးမျိုး နောက်ပြောင် မှတ်ချက်ပြုနေကြပါတယ်။ လီဗာပူးကို ဘန်ကောက်မြို့မှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲမှာလည်း ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ပါဝင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်က ဂိုးသွင်း၊ ဂိုးဖန်တီးမှုမပြုလုပ်ပေးနိုင်ပေမယ့် ကျေနပ်လောက်စရာ ကစားပုံကို ပြသခဲ့တယ်လို့ ပရိသတ်တွေက ယူဆပါတယ်။ ဆန်ချိုသွင်းယူခဲ့တဲ့ ပထမဂိုးအတွက် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောက အစပြုခဲ့ပြီး ပြိုင်ဘက် လီဗာပူးနောက်တန်း ရှင်းထုတ်ပုံ မသေသပ်တာကြောင့် ဆန်ချိုက အပိုင်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က