အမှတ်တရတချို့ကို ပြန်လည်ပြောဆိုခဲ့ကြပါတယ်။

ဂန္ထဝင်နည်းပြဟောင်းကြီးနဲ့ ပေါ်တူဂီကြယ်ပွင့်တို့ အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်ကတဆင့် ကနဦးပြသခဲ့ရာမှာ ပရိသတ်တွေကြား လူကြိုက်များခဲ့ပြီး ဆရာတပည့်နှစ်ဦးကို အတူတူပြန်မြင်ခဲ့ရလို့ ကျေနပ်ခဲ့ကြပါတယ်။ 


ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုနဲ့ ယူနိုက်တက်နည်းပြဟောင်းကြီးဆာအဲလက်စ်ဖာဂူဆန်ကတော့ တဖန်ပြန်လည်ဆုံဆည်းခဲ့ကြပြန်ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ဂန္ထဝင်နည်းပြဟောင်းကြီးနဲ့ ပေါ်တူဂီကြယ်ပွင့်တို့ အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်ကတဆင့် ကနဦးပြသခဲ့ရာမှာ ပရိသတ်တွေကြား လူကြိုက်များခဲ့ပြီး ဆရာတပည့်နှစ်ဦးကို အတူတူပြန်မြင်ခဲ့ရလို့ ကျေနပ်ခဲ့ကြပါတယ်။ 

ဒီတွေ့ဆုံမှုမှာ ဆရာတပည့်နှစ်ဦးက စကားအပြန်အလှန်ပြောဆိုခဲ့ကြပြီးတော့ သူတို့အတူလက်တွဲခဲ့စဉ်က အကြောင်းအရာတွေကို အမှတ်တရပြန်လည်ပြောဆိုခဲ့ကြပါတယ်။ ဒီပြောဆိုမှုတွေထဲမှာ သူတို့နှစ်ဦးကြား ဘယ်လောက်ထိ ရင်းနှီးပြီး သံယောဇဉ်ရှိခဲ့လဲဆိုတာတွေကိုပါသိခွင့်ရခဲ့ပြီး မြက်ခင်းစိမ်းနောက်ကွယ်က လူမသိနိုင်တဲ့ အကြောင်းအရာတွေလည်း ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ 


ဒီလိုပြောဆိုခဲ့ရာမှာ ဖာဂူဆန်က ရော်နယ်ဒိုကို ကလပ်နဲ့နှောင်ဖွဲ့ဖို့ အရေးကြိးကြောင်း ပြောဆိုခဲ့ပြီး "မင်းဂရုစိုက်တယ်ဆိုတာကို လူတွေအသိအမှတ်ပြုဖို့က အရေးကြီးတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒို ၁၈ နှစ်သားအရွယ်မှာ ဖာဂူဆန်က ယူနိုက်တက်ကို ခေါ်ယူခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကြားမှာ သားအဖလိုဆက်ဆံရေးမျိုးရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ရော်နယ်ဒိုရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး အဆိုပါအချိန်က သူ့အတွက် အရမ်းခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့တယ်ဆိုတာကို ရော်နယ်ဒိုက အခုလို ပြောခဲ့ပါတယ်။ 

"တနေ့မှာ ကျွန်တော့် အဖေက ဆေးရုံတက်ရတယ်ဗျ။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီး စိတ်ဓာတ်ကျနေခဲ့တယ်။ ပြီးတော့ ဆာအဲလက်စ်နဲ့ စကားပြောခဲ့တယ်။ သူက "ခရစ္စတီယာနို၊ အဲ့ဒီကို နှစ်ရက် သုံးရက်လောက် သွားလိုက်" ဆိုပြီး ပြောတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့က ခက်ခဲတဲ့ပွဲစဉ်တွေ ကစားနေရတာ၊  ပြီးတော့ အဲ့ဒီအချိန်မှာ ကျွန်တော်က အဓိက ကစားသမားတယောက် ဖြစ်နေတာလေ။ သူက " ငါတို့က ခက်ခဲတဲ့ပွဲတွေ ကစားရမှာ။ အဲ့ဒီတော့ ငါတို့ အခက်ကြုံရမှာပဲ။ ဒါပေမဲ့ မင်းရဲ့အခြေအနေကို ငါနားလည်တယ်။ ငါမင်းကို ခွင့်ပေးမယ်။ မင်းအဖေနဲ့ သွားတွေ့လိုက်ပါ" လို့ ပြောတယ်။ 


"ကျွန်တော့်အတွက် ဒါတွေက အရေးအပါဆုံး အရာတွေပဲ။ ကျွန်တော်အမြဲပြောသလိုပါပဲ။ သူက ဘောလုံးမှာ ကျွန်တော့်အတွက် အဖေတယောက်လိုပါပဲ" လို့ ပြောခဲ့ပါတယ်။ ဖာဂူဆန်ကတော့ ရော်နယ်ဒိုပြောဆိုနေတာကို ပြုံးပြုံးကြီးထိုင်ကြည့်နေခဲ့ပြီး အဆိုပါမြင်ကွင်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဖာဂူဆန်ကလည်း "သူ ကျွန်တော့်ကို ပြောတဲ့အရာမှန်သမျှ သူ လုပ်ပြခဲ့တယ်။ အဲ့ဒါ မလွယ်တဲ့ကိစ္စဗျ၊ တခါတလေမှာ တချို့အရာတွေက ဘောလုံးအသင်းတသင်းထက် ကြီးကျယ်ခမ်းနားတယ်ဆိုတာကို မင်း နားလည်ရမယ်" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။


Share

Loading Next Article...
က္က