သူရဲ့ မွေးနေ့ အမှတ်တရဆိုရင်လည်း မမှားပါဘူး။

ဥက္ကာမင်းမောင်ကတော့ Los Angelesမှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ၅ ရက်ဝတ်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်အတွက် ရည်စူးပြီး ဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: ဥက္ကာမင်းမောင်



အဆိုတော် ဥက္ကာမင်းမောင်ကတော့ စက်တင်ဘာလ ၁၈ ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့ အမှတ်တရအနေနဲ့ရော၊  ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်အတွက် ရည်စူးပြီးတော့လည်း သာသနာ့ဘောင်ထဲ ဝင်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဖခင်ကတော့ ၂၀၁၆ ခုနှစ်တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာ ၃ နှစ်ပြည့်တော့မယ်လို့ဆိုပါတယ်။

‘’၃၄ နှစ်ပြည့် မွေးနေ့ အတွက်ရော၊  ဖေကြီးဘဝတစ်ပါးသို့ ကူးပြောင်းသွားတာ မကြာခင် ၃ နှစ် ပြည့်တော့မှာမို့ ဖေကြီး အတွက်ပါ ရည်စူးပြီး LA က Azusa မြန်မာဘုန်းကြီးကျောင်းမှာ ဒုလ္လဘရဟန်း ၅ ရက်တာဝတ်ခဲ့ပါ တယ်။ အလှူ နဲ့ သံဃာတော်များ ဆွမ်းကပ်ရန်အတွက် အစစအရာရာ ကူညီပေးသော ရဟန်းဒါယိကာ ညီပု နဲ့ ဒါယိကာမ Chrissy တို့ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။Thank you Alex Lebosq and Graham Streeter for coming too’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်ပေ့ချ ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်က အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ New York မှာ နေထိုင်တာဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တုန်းက အဆိုပါ နိုင်ငံမှာနေထိုင်ခဲ့တာ ၁၀ နှစ်ရှိပြီလို့ ဆိုပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်ကတည်းက အမေရိကမှာ ကျောင်းတက်ရင်း အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။  

‘’Today is the 10 year mark in the US. အမေရိကန်ပြည်ထောင်စုကိုရောက်လာတာ ဒီနေ့ဆို ၁၀နှစ်ပြည့်ခဲ့ပြီ။ ကျွန်တော့်ဘဝရဲ့ ၃ ပုံ တစ်ပုံနီးပါးလို့တောင်ပြောလို့ရမယ်။ ကောင်းခြင်းဆိုးခြင်းပေါင်းများစွာ ဘဝရဲ့ အခက်အခဲတွေ ပျော်စရာအမှတ်တရတွေ နိုင်ငံပေါင်းစုံက မိတ်ဆွေအပေါင်းအသင်းတွေ ဘဝအတွေ့အကြုံ အနိမ့်အမြင့်အတက်အကျတွေများစွာကြုံခဲ့ရပြီးပြီ။ ငယ်ငယ်တုန်းက ကြီးလာရင် ဒီနိုင်ငံဟာ ကျွန်တော့်ရဲ့ ဒုတိယအိမ်ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။ ဒီကိုလာဖို့ ပညာတွေသင်ဖို့ အစစအရာရာ ထောက်ပံ့ပေးခဲ့တဲ့ မေကြီးနဲ့ ဖေကြီးတို့ရဲ့ကျေးဇူးတွေကြောင့်သာ ဘဝဟာ အရာရာ တဆစ်ချိုးပြောင်းလဲသွားခဲ့တာ’’ လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က