ကွယ်လွန်သွားတာ ၈ လပြည့်ပြီဖြစ်တဲ့ မင်းသွေးအတွက် မိသားစုဝင်တွေနဲ့အတူ အနုပညာမောင်နှမတွေက အလှူအတန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ မင်းသွေးဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
Photo: Wai Min Maung
၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ကတော့ သရုပ်ဆောင်မင်းသွေး ကွယ်လွန်ခဲ့တာ ၈ လပြည့်ပြီဖြစ်ပါတယ်။ မင်းသွေးကို ချစ်ကြတဲ့ မိသားစုဝင်တွေနဲ့ အနုပညာရှင်တွေကတော့ ဆရာတော် အရှင်ဆန္ဒာဓိက ထံမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
‘’ကွယ်လွန်သူ မင်းသွေး(ထူူးမော်) ၈လပြည့်အား ရည်းစူး၍ မုန်းစွဲ အဖွဲ့သားများနှင့် 7th Sense Film Production မှ ဆရာတော်အရှင်ဆန္ဒာဓိကထံသို့ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက်အလှူ ငွေများပေးအပ်လှူဒါန်းခဲ့ပါတယ်။ ရောက်ရာဘုံဘဝကနေ မင်းသွေး သာဓုခေါ်ဆိုနိုင်ပါစေ’’ ဆိုပြီးတော့ 7th Sense Film Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ညနေ ၅နာရီ ၁၀ မိနစ်က ရေးသားခဲ့တာ တွေ့ရပါတယ်။
Photo: Wai Min Maung
၂၀၁၈ခုနှစ်၊ အောက်တိုဘာ (၃) ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ အဲ့ဒီနောက် မင်းသွေး ပါဝင်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား၊ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား၊ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီ ဇာတ်ကားတွေကနေတဆင့်လည်း မင်းသွေးကို ပရိသတ်တွေက သတိရစေခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။
Photo: Wai Min Maung
မင်းသွေး ကွယ်လွန်ပြီးတဲ့နောက်မှာလည်း မိသားစုဝင်တွေက အဆက်မပြတ် အလှူအတန်းတွေ လုပ်ပေးခဲ့ကြတာကိုတွေ့ရပါတယ်။ အစ်ကိုဖြစ်သူ နေတိုးကလည်း မင်းသွေးရဲ့ ဆန္ဒအရ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ တည်ထား ကိုးကွယ်ခဲ့တဲ့ မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှင် တော်မြတ်ဘုရာကြီး ဘုရားအနေကဇာတင်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ မင်းသွေးရဲ့ တစ်ကိုယ်တော်အခွေကိုလည်း အစ်ကိုဖြစ်သူ နေတိုးက အပြီးသတ်ဆောင်ရွက်ပေးမယ် ဆိုတာကိုလည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။