ထိပ်သီးအသင်းကြီးတွေရဲ့ ဆွဲဆောင်မှုကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ဝင်ရောက်ကစားခွင့် ရရှိလာခဲ့တဲ့ အိုဒွိုင်ကို ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။


ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား အိုဒွိုင်ကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းအထိ လစာတိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းသွားတော့မယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ဝင်ရောက်ကစားခွင့် ရရှိလာခဲ့တဲ့ အိုဒွိုင်ကို ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် ကစားသမားကို အသင်းကြီးတွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် ချယ်လ်ဆီးက ကြိုတင်ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က အိုဒွိုင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီကာလအတွင်းမှာ ပေါင် (၃၅)သန်းအထိ ပေးချေကာ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နွေရာသီမှာ ထပ်မံခေါ်ယူသွားဖို့ ဘိုင်ယန်က ကြိုးစားနေပါတယ်။


ယူနိုက်တက်၊ လီဗာပူးလ်တို့ကလည်း ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းရဲ့ ကစားသမားကိ ုခေါ်ယူဖို့ စောင့်ကြည့်နေခဲ့ကြပါတယ်။ အပြောင်းအရွှေ့ပိတ်ပင်ခံထားရလို့ ချယ်လ်ဆီးဟာ အသင်းရဲ့ ကစားသမားတွေကို ထိန်းသိမ်းဖို့အတွက် ကြိုးစားနေရပြီးတော့ အိုဒွိုင်အပါအဝင် ဟာဇက်လို ကစားသမားကိုပါ ထိန်းသိမ်းနိုင်ဖို့ အားထုတ်နေခဲ့ရတာ ဖြစ်ပါတယ်။

Evening Standard ရဲ့ ဖော်ပြချက်အရ အိုဒွိုင်ကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းအထိ ပေးချေပြီး လက်ရှိဘောလုံးရာသီမကုန်ဆုံးခင်မှာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ချယ်လ်ဆီးက ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါဟာ အိုဒွိုင်အတွက်တော့ များပြားတဲ့လုပ်ခလစာကို ခံစားရမှာ ဖြစ်ပြီး ချယ်လ်ဆီးက တစ်ပတ်ပေါင်ရှစ်သောင်းခွဲနဲ့ နောက်ဆုံးအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ငြင်းဆန်ခဲ့ပါတယ်။


ဒီအတွက် နောက်ထပ်လုပ်ခလစာတိုးမြှင့်ပေးပြီး ချယ်လ်ဆီးက ကစားသမားကို အသင်းမှာ ဆက်လက်ရှိနေအောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ အသက် (၁၈)နှစ်အရွယ်သာ ရှိသေးတဲ့ အိုဒွိုင်အတွက်တော့ များပြားလှတဲ့ ငွေကြေးပမာဏကို ခံစားရမှာဖြစ်ပြီး အသင်းမှာပဲ ဆက်နေမလားး၊ ရာသီကုန်မှာ အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့သွားမလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က