လေးနှစ်စာချုပ်ချုပ်ဆိုသွားခဲ့တာပါ။

ဒီသတင်းကို သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဂရင်းဝုဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၂၃ခုနှစ်အထိ ဆက်ရှိနေမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်တိုက်စစ်မှူးမာဆွန်ဂရင်းဝုဒ်ကို လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကလည်း ဒီသတင်းကို သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဂရင်းဝုဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၂၃ခုနှစ်အထိ ဆက်ရှိနေမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ စီနီယာအသင်းကြီးအတွက် လူစားဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ အဓိကတိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ဒဏ်ရာရရှိနေချိန်မှာ ဂရင်းဝုဒ်က ပွဲထွက်ခွင့်ရရှိခဲ့ပြီး ယူရိုပါလိဂ်နဲ့ ကာရာဘောင်းဖလားပွဲစဉ်တွေမှာ အသင်းအတွက် သွင်းဂိုးတွေရယူပေးနိုင်ခဲ့ပါတယ်။

ကစားသမားနဲ့ ကလပ်အသင်းကြားမှာ နောက်ထပ်တစ်နှစ်စာချုပ်ချုပ်ဆိုခွင့်အတွက်လည်း သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ စာချုပ်ချုပ်ဆိုအပြီးမှာ ဂရင်းဝုဒ်က "ယူနိုက်တက်ပရိသတ်တစ်ဦးအဖြစ် ကျွန်တော်ကြီးပြင်းခဲ့ရပြီး အသင်းကြီးအတွက် ကစားခွင့်ရချိန်မှာ အိပ်မက်တွေက အမှန်တကယ်ဖြစ်လာခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။

"အသင်းအတွက် ဘယ်အချိန်မှာကစားပေးရမှာလဲဆိုတာကို ကျွန်တော်သိထားခဲ့ပြီး အကယ်ဒမီတစ်ခုလုံးကို ကျွန်တော်ကိုယ်စားပြုခဲ့ရပါတယ်၊ ဒီအတွက် အသင်းအပေါ်ကို ကျွန်တော့်ရဲ့ သစ္စာရှိမှုတွေ ပြန်လည်ပေးဆပ်ချင်ပြီး ကွင်းထဲမှာ ကျွန်တော့်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်၊ အသင်းနည်းပြတွေဆီကနေ ကျွန်တော်အမြဲတမ်းသင်ယူမှုတွေပြုလုပ်နေပါတယ်" လို့လည်း ဂရင်းဝုဒ်က ပြောသွားခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ နည်းပြဆိုးလ်ရှားလက်ထက် အာဆင်နယ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခွင့်စတင်ရရှိခဲ့ပါတယ်။ ဒီရာသီမှာတော့ အသင်းကြိးအတွက် ခြောက်ပွဲအထိလူစားဝင်ကစားပေးခဲ့ရပြီး ဖလားပြိုင်ပွဲမှာ ၃ပွဲအထိ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က