အပြီးသတ်ခေါ်ယူဖိ့ုအတွက် ဆောင်ရွက်သွားတော့မှာပါ။

ပြင်သစ်ချန်ပီယံအသင်းဟာ အီကာဒီကို ရာသီကုန်မှာ ပေါင်သန်း ၇၀ နဲ့ ဝယ်ယူခွင့်ရရှိဖို့ သဘောတူညီချက်ကို ရရှိထားခဲ့ပြီးနောက် အဆိုပါသဘောတူညီ်မှုကို အသက်သွင်းတော့မှာဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းဟာ အင်တာမီလန်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူးအီကာဒီကို အပြီးသတ်ခေါ်ယူဖို့အတွက် ဆုံးဖြတ်လိုက်ပြီလို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ ပြင်သစ်ချန်ပီယံအသင်းဟာ အီကာဒီကို ရာသီကုန်မှာ ပေါင်သန်း ၇၀ နဲ့ ဝယ်ယူခွင့်ရရှိဖို့ သဘောတူညီချက်ကို ရရှိထားခဲ့ပြီးနောက် အဆိုပါသဘောတူညီ်မှုကို အသက်သွင်းတော့မှာဖြစ်ပါတယ်။

ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်းမှာ အီကာဒီရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေကို ပြုလုပ်သွားမယ်လို့ သိရပြီး အီကာဒီကို အခြားအသင်းတွေက ခေါ်ယူခြင်းမပြုနိုင်ဖို့အတွက်လည်း အလျင်အမြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အင်တာမီလန်အသင်းမှာ အဆင်မပြေမှုတွေဖြစ်ခဲ့ပြီးနောက် အီကာဒီက နွေရာသီမှာ အသင်းပြောင်းရွှေ့ခဲ့ရသူဖြစ်ပါတယ်။



အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသလို နည်းပြကွန်တီရဲ့ မနှစ်သက်မှုကြောင့်လည်း ဆန်စီရိုကနေ အီကာဒီက ထွက်ခွာခဲ့ရပါတယ်။ ပြင်သစ်လိဂ်မှာတော့ အီကာဒီက ခြေစွမ်းပြနေပြီး ပီအက်စ်ဂျီအတွက် ၇ ပွဲသာကစားပေးထားရပေမယ့်လည်း ၇ ဂိုးအထိသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်ပေးထားကာ တူချယ်လ်ရဲ့ သဘောကျမှုကို ရယူနိုင်ခဲ့ပါတယ်။

ကာဗာနီအသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ အနေအထားမှာ ပီအက်စ်ဂျီအတွက်တော့ အီကာဒီကို ခေါ်ယူနိုင်ခဲ့ပြီး ခြေစွမ်းလည်းပြနေခဲ့တာက စိတ်သက်သာရာဖြစ်စေခဲ့ရပါတယ်။ ဒီအတွက် အပြီးသတ်ခေါ်ယူဖို့ကို လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးကို ပြင်သစ်ကလပ်မှာ ကာလရှည်မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က