မလေးရှားက ပြန်လာတဲ့ ပထမအသုတ်ထဲက ၁၁ဦးမှာ ရောဂါပိုးတွေ့ရှိသလို ယူအေအီးက ပြန်လာသူ ၈ဦးမှာ လည်း ရောဂါပိုးတွေ့ရှိထားပါတယ်။
အစိုးရက စီစဉ်တဲ့ ကယ်ဆယ်ရေး လေယာဉ်(Relief Flight)နဲ့ ပြန်လာသူအားလုံး ရန်ကုန်မှာပဲ၂၁ရက် ကွာရန်တင်းဝင်ပြီးမှ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အသီးသီးကို ပြန်ခွင့်ရတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Duwuကိုပြောပါတယ်။
မူလက မလေးရှားက ပြန်လာတဲ့ တစ်ဖွဲ့ကို နိုင်ငံတော်အစိုးရ လမ်းညွှန်ချက်နဲ့ ရန်ကုန်မှာ မထားတော့ပဲ သက်ဆိုင် ရာ တိုင်းနှင့်ပြည်နယ်အသီးသီးကို ပြန်ခွင့်ပြုခဲ့ရာမှာ ရောဂါပိုးတွေ လူနာတွေ တွေ့ရှိလာခဲ့ပါတယ်။
“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဘယ်သူ့ကိုမှ ကွာရန်တင်းမထားပဲ ပြန်မလွှတ်ပါဘူး။ဒါပေမယ့် မလေးရှားက ပြန်လာတဲ့တစ်ဖွဲ့တုန်းက ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ သက်ဆိုင်ရာနေရပ်ဒေသမှာပဲ ကွာရန် တင်းဝင်စေဖို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။ အခုတော့ ဘယ်ကပဲ ပြန်လာပြန်လာ ရန်ကုန်မှာပဲ ကွာရန်တင်း ဝင်စေရပါတော့မယ်။”လို့ ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အစိုးရအစီအစဉ်နဲ့ ပြန်လာသူတွေအတွက် ကွာရန်တင်းနေရာတွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ စီစဉ်ပေးထားပြီး ဟိုတယ်မှာနေလိုသူတွေအတွက်လည်း တစ်ယောက်ခန်း ၃၀၀၀ နှစ်ယောက်ခန်း ၄၀၀၀၀နဲ့ နေနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးထားပြီး ဖြစ်တယ်လို့ သိထားရပါသေးတယ်။
မလေးရှားကနေ မြန်မာနိုင်ငံကို နှစ်သုတ်ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး ပထမအသုတ်က ပြန်လာသူတွေကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်တွေကို ပြန်လည်စေလွှတ်ပြီး ကွာရန်တင်းဝင်စေခဲ့တာပါ။ အဆိုပါပထမအသုတ်ထဲကမှ ပိုးတွေ့လူနာ၁၁ဦးထိရှိလာခဲ့ပြီ ဖြစ်ပြီး ဒုတိယအသုတ်ကတော့ မေလ ၂၀ရက်နေ့က မှ ပြန်လည်ဝင်ရောက်လာကာ ရန်ကုန်က သတ်မှတ်ကွာရန်တင်းနေရာတွေမှာ အသွားအလာကန့်သတ်မှုခံယူနေ ပါတယ်။ မေလ ၁၆ရက်ကနေ မေလ ၂၃ရက်နေ့အထိ ပိုးတွေ့လူနာ ၂၀ဦးထပ်တိုးခဲ့ရာမှာ ပြည်ပကပြန်လာသူတွေထဲက ၁၉ဦးအထိတွေ့ခဲ့ပြီး ၃၁၁ဦးက မလေးရှားပြန်၊၈ဦးက ယူအေအီးပြန်တွေဖြစ်ပါတယ်။