အသက် ၇၃ နှစ်ဖြစ်ပါတယ်။

ဝါရင့်အဆိုတော်ကြီး လားရှိုးသိန်းအောင်က လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကပဲ အမေရိကန်နိုင်ငံတက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်. သူ့ရဲ့ တေးသီချင်းတွေကတော့ ဒီနေ့ အထိတိုင် အောင်မြင်နေတဲ့ သီချင်းတွေ ဖြစ်ပါတယ်.

Photo: Jammy Jack

နာမည်ကျော် ဝါရင့် ဂီတပညာရှင်ကြီးတစ်ဦးဖြစ်သူ လားရှိုးသိန်းအောင်ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခွဲ ဝန်းကျင်က အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ ကသူက နှလုံးရောဂါ နဲ့ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၇၃ နှစ်ရှိပြီလို့ သိရပါတယ်.ဒီအတွက် ဂီတဖျော်ဖြေပွဲ တွေ စီစဉ်သူ ကို အီကြာကွေးရဲ့ ခံစားချက်ကို ရေးသားထားပါတယ်.

''Rest In Peace အကိုကြီး နေမကောင်းတဲ့သတင်းအစအနတောင်မကြားရပဲ ချက်ချင်းကြီးဗျာ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်. အဲ့ဒီနောက် အဆိုတော်ကြီး လားရှိုးသိန်းအောင်ရဲ့ ဖိနပ်၊ ဦးထုပ် နဲ့ ဂစ်တာ ပုံကိုလည်း အမှတ်တရ တင်ခဲ့တာကို တွေ့ရပါတယ်. 



Photo: Jammy Jack

အဲ့ဒီနောက် စတူဒီယိုခေတ်ဦးအဆိုတော်ကြီး ဂျင်မီဂျက်( ခေါ်) လားရှိုးသိန်းအောင် ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့ ''နှုတ်မဆက်နဲ့ ငိုချင်တယ်''၊ ''ငှက်ငယ်အလား ကိုယ့်အမှား''၊ ''စက်ခေါင်းအမှတ် ၀၀၉'' စသည့် နာမည်ကြီး သီချင်းကောင်းများစွာကို သီဆိုခဲ့သူဖြစ်ပါတယ်. လက်ရှိအချိန်မှာတော့ သူ့ကို ချစ်တဲ့ မိသားစု နဲ့ အတူ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအပေါင်းအသင်းတွေ.. ပရိသတ်တွေကလည်း ဝမ်းနည်းပူဆွေးလို့နေကြပါတယ်.

Photo: Jammy Jack

လားရှိုးသိန်းအောင် ရဲ့ ကိုယ်ပိုင် သီချင်းတွေဟာ တစ်ခေတ် တစ်ခါမှာ အောင်မြင်ခဲ့ရုံသာ မက ဒီနေ့ ခေတ်မှာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေတဲ့ သီချင်းတွေ ရှိပါတယ်. အဲ့ဒီနောက် လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေကလည်း သူ့ရဲ့ သီချင်းတွေကို ပြန်လည် သီဆိုနေတာ တွေ့ရပါတယ်.

Share

Loading Next Article...
က္က