စိတ်ဝင်စားတဲ့ ဂီတအနုပညာရှင်တွေ ဆက်သွယ်လို့ရပါတယ်တဲ့။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်အဆိုတော်ကြီး လားရှိုးသိန်းအောင်ရဲ့ နောက်ဆုံးဆန္ဒကို့ဖြည့်ဆည်းပေးနိုင်ဖို့ ဦးကျော်သူ တစ်ယောက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

Photo: Kyaw Thu

ဦးကျော်သူက ဝါရင့်အဆိုတော်ကြီး လားရှိုးသိန်းအောင်ရဲ့ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်မှာ ပုံတူ ရုပ်တု နဲ့ အတူ အရိုးပြာကို ချင်းတွင်းမြစ်ထဲ မျှောသွားမယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ဖို့ကိုလည်း လားရှိုးသိန်းအောင်ရဲ့ဇနီးက ဆက်သွယ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 ‘’လားရှိုးသိန်းအောင်(ခ) ဂျင်မီဂျက် ၏ဇနီး Margret Nathan နှင့်ယနေ့နံနက်(၆:၀၀)နာရီတွင် ဆက်သွယ်ပေးသူ ကိုမျိုးကြီးမှတစ်ဆင့် စကားပြောခဲ့ရပါသည်။ ကိုဂျင်မီ၏အရိုးပြာအား လာမည့် ဒီဇင်ဘာလတွင် မင်္ဂလာနှစ်ပတ်လည် နေ့၌ မြန်မာပြည်ရှိ ချင်းတွင်းမြစ်တွင် ကိုဂျင်မီဂျက်၏နောက်ဆုံးဆန္ဒအရ မြစ်ထဲမျှောမည့်ကိစ္စနှင့် ဂျင်မီဂျက်(ခ) လားရှိုးသိန်းအောင်အမှတ်တရကိုယ်လုံးပေါ်ပုံတူရုပ်ထု ထုလုပ်ရန်ကိစ္စများပြောကြားခဲ့ပါသည်’’ ဆိုပြီးတော့ ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၅ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Thu

အဲဒီနောက် ကွယ်လွန်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့ ဂီတမိတ်ဆွေတွေကိုလည်း ဦးကျော်သူက ဖိတ်ခေါ်စကား ဆိုထားပါသေးတယ်။ ‘’စိတ်ဝင်စားသူ လားရှိုးသိန်းအောင်(ခ) ဂျင်မီဂျက်၏ ဂီတမိတ်ဆွေများနှင့်ဂီတမြတ်နိုးသူ အလှူရှင်အပေါင်း အထက်ပါလုပ်ငန်းစဉ်များအတွက်ပူးပေါင်းပါဝင်နိုင်ကြောင်းအသိပေးနိူးဆော်အပ်ပါသည်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။

Photo: Kyaw Thu

လားရှိုးသိန်းအောင်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခွဲ ဝန်းကျင်က အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ ကသူက နှလုံးရောဂါ နဲ့ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၇၃ နှစ်ရှိပါပြီ။

Photo: Kyaw Thu

စတူဒီယိုခေတ်ဦးအဆိုတော်ကြီး ဂျင်မီဂျက်( ခေါ်) လားရှိုးသိန်းအောင် ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့ ''နှုတ်မဆက်နဲ့ ငိုချင်တယ်''၊ ''ငှက်ငယ်အလား ကိုယ့်အမှား''၊ ''စက်ခေါင်းအမှတ် ၀၀၉'' စသည့် နာမည်ကြီး သီချင်းကောင်းများစွာကို သီဆိုခဲ့သူဖြစ်ပါတယ်. လက်ရှိအချိန်မှာတော့ သူ့ကို ချစ်တဲ့ မိသားစု နဲ့ အတူ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအပေါင်းအသင်းတွေ.. ပရိသတ်တွေကလည်း ဝမ်းနည်းပူဆွေးလို့နေကြပါတယ်။

 လားရှိုးသိန်းအောင် ရဲ့ ကိုယ်ပိုင် သီချင်းတွေဟာ တစ်ခေတ် တစ်ခါမှာ အောင်မြင်ခဲ့ရုံသာမက ဒီနေ့ ခေတ်မှာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေတဲ့ သီချင်းတွေ ရှိပါတယ်။ လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေကလည်း သူ့ရဲ့ သီချင်းတွေကို ပြန်လည်သီဆိုနေတာ တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က