သက်သေခံပစ္စည်းအားလုံးနဲ့အတူ ဖမ်းမိခဲ့တာပါ။

လသာမြို့နယ် ၊ရွှေဆိုင်တစ်ခုမှာ စိန်ဝယ်ယူ ဟန်ဆာင်ပြီး ငွေကျပ်သိန်း၁၂၀ ကျော်တန်ဖိုးရှိ ပစ္စည်း ၄ မျိုးကို ခိုးယူသွားသူအနက် တစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။ 

ပြစ်မှုကျူးလွန်သူ ၂ ဦးအနက် အမျိုးသမီးတစ်ဦးဖြစ်သူ မကေသွယ်အေး ကို တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃) ရပ်ကွက်မှာ သက်သေခံပစ္စည်း စိန်ထည်(၄)မျိုး(မူလပုံစံ မပျက်)နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။



 မကေသွယ်အေးကို စစ်မေးခဲ့ရာ သူနဲ့အတူ ပြစ်မှုကျူးလွန်သူမှာ မြင့်ဇော်ဆိုသူဖြစ်တယ်လို့ ထွက်ဆိုတာကြောင့်  အဆိုပါအမျိုးသားကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေပြီး မကေသွယ်အေး ကိုတော့ ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်နေပါတယ်။

ဓာတ်ပုံ - Yangon Police

 "အခင်းဖြစ်တဲ့နေ့က ဆိုင်က မန်နေဂျာက ပစ္စည်းတွေပြနေချိန် ကျူးလွန်သူ တွေက ပြနေတဲ့စိန်ထည်ပစ္စည်း(၄)မျိုးရဲ့ ဈေးနှုန်း အသေးစိတ်ကို သိချင်တယ် ပြောလို့ အဲ့ဒီစ္စည်း(၄)မျိုးကို ကောင်တာပေါ်တင်ထားပြီး ဆိုင်အတွင်းအခန်းကို သွားခဲ့တယ်။ မန်နေဂျာ ပြန်ထွက်လာတော့ ပစ္စည်းတွေ ရော၊ လူရောမရှိတော့ဘူးလို့သိရတယ်။ ဆိုင်ရဲ့ CCTV မှတ်တမ်းကို ကြည့်တော့ စိန်ထည်ပစ္စည်း (၄)မျိုးကို ယူထည့်သွားတာ တွေ့ရတယ်ပေါ့။ စုစုပေါင်း ကာလတန်ဖိုးက (၁၂,၆၉၀,၀၀၀)ကျပ်ရှိပါတယ်။လက်ရှိမှာ ပစ္စည်းရယူသွားတဲ့ သူနှစ်ဦးအနက် အမျိုးသမီးတစ်ဦးကို အဲ့ဒီနေ့ ညနေမှာပဲ ဖမ်းမိခဲ့တာဖြစ်တယ်" လသာမြို့မရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ (သြဂုတ်လ ၂၀ ရက်) မှာ ပြောပါတယ်။ 

ဖြစ်စဉ်က ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က လာသာမြို့နယ်ရှိ ဇွဲထက် စိန်ရွှေရတနာဆိုင်ခွဲ ၁၀ ကို အမည်မသိ အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦးရောက်လာပြီး စိန်ရွှေရတနာပစ္စည်း(၄)မျိုးကို ကြည့်ရှုလိုကြောင်း ပြောသဖြင့် ပြသရာကနေ စိန်ထည်ပစ္စည်း(၄)မျိုးရဲ့ စုစုပေါင်း ကာလတန်ဖိုး (၁၂,၆၉၀,၀၀၀)ကျပ်ကိုယူဆောင်ထွက်ပြေးသွား ခြင်းခံခဲ့ရတာဖြစ်လို့ လသာမြို့မရဲစခန်း မှာအမှုဖွင့်ထားတာ ဖြစ်တယ်လို့သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)

Share

Loading Next Article...
က္က