တွစ်တာမှာ လှောင်ပြောင်နေကြတာပါ။

ဂါဘရီရယ်ဂျီးဆပ်ကို အာဆင်နယ်က ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းတွေထွက်လာခဲ့ပြီးနောက် တွစ်တာပေါ်မှာတော့ အာဆင်နယ်ရဲ့တိုက်စစ်မှူးသစ်ကို လှောင်ပြောင်မှုတွေပြုလုပ်နေကြပါတယ်။ အထူးသဖြင့် အာဆင်နယ်အသင်းရဲ့ ပြိုင်ဘက်အသင်းပရိသတ်တွေ ဖြစ်ပြီး ဂါဘရီရယ်ဂျီးဆပ်ကို အာဆင်နယ်တိုက်စစ်မှူးလာကာဇက်၊ နော်ဝှစ်ချ်တိုက်စစ်မှူးတီမူပူကီတို့နဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ကြပါတယ်။ 

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဂျီးဆပ်သတင်းကို တွစ်တာမှာဖော်ပြခဲ့ပြီး အဆိုပါတွစ်တာပို့စ်ကို ပြန်လည်မျှဝေရာမှာ ပရိသတ်တွေက သူတို့ပြောချင်တဲ့ caption တွေကို ရေးသားခဲ့ကြတာဖြစ်ပါတယ်။ ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဂျီးဆပ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်းပေးချေရမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ 


ဂျီးဆပ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ မန်စီးတီးကို ဟာလန်းရောက်ရှိလာခဲ့ပြီးနောက် ဂျီးဆပ်အတွက် ပုံမှန်နေရာရဖို့မသေချာတဲ့နောက်မှာ အာဆင်နယ်က အခွင့်အရေးကို အသုံးချပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 



Robert Ferguson ဆိုတဲ့ တွစ်တာအသုံးပြုသူတဦးက "တီမူပူကီက ပြီးခဲ့တဲ့ရာသီမှာ ဂျီးဆပ်ထက်တောင်မှ လိဂ်ဂိုးပိုရခဲ့သေးတယ်" လို့ ရေးသားခဲ့ပါတယ်။ Dilly ဆိုတဲ့ အသုံးပြုသူကတ​ော့ "လာကာဇက် ၂.၀ ကတော့ Here We Go သွားပြီ" လို့ ဆိုခဲ့ပါတယ်။ နောက်ထပ်တဦးဖြစ်သူကတော့ "အာဆင်နယ်အတွက် ဆိုးရွားတဲ့ လုပ်ဆောင်မှုတခုပဲ" လို့ ဆိုကာ အဲလက်စ်ဆိုသူကတော့ ဂျီးဆပ်ရဲ့ ပရီးမီးယားလိဂ်မှတ်တမ်းတွေနဲ့အတူ ပြန်လည်မျှဝေခဲ့ပါတယ်။ 


Share

Loading Next Article...
က္က