စိုင်းစိုင်းကတော့ Frenzo Artist တွေနဲ့ ရန်ကုန်မှာ ဖျော်ဖြေပွဲလုပ်မယ်လို့ သိရပါတယ်။ ရန်ကုန်က ပရိသတ်တွေ အားပေးဖို့ လည်း ဖိတ်ခေါ်ခဲ့ပါသေးတယ်။
စိုင်းစိုင်းကတော့ တန်ဆောင်တိုင် လ အစမှာ Frenzo Artist တွေနဲ့ အတူ ဖျော်ဖြေပွဲလုပ်မယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲ အစီအစဉ်တွေကိုလည်း စိုင်းစိုင်းက မီဒီယာတွေ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ဖျော်ဖြေပွဲအနေနဲ့တော့ မရှိသေးဘူး။ နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ ကျွန်တော်တို့ Frenzo အဖွဲ့က ဖျော်ဖြေဖို့ တစ်ခုရှိပါတယ်။ အောက်တိုဘာ ၃၁ ကနေ နိုဝင်ဘာ ၁ ရက်နေ့၊ ၂ ရက်နေ့၊ ၃ ရက်နေ့ ဆက်တိုက်တွေမှာ Wonder Festival တစ်ခုလုပ်ဖို့ စီစဉ်နေကြတာရှိပါတယ်။ အဲဒီအထဲမှာမှ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျွန်တော်တို့ရဲ့ Frenzo Artist တွေက ဖျော်ဖြေဖို့ တာဝန်ယူထားပါတယ်’’လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
စိုင်းစိုင်းနဲ့ Frenzo အဖွဲ့သားတွေဟာ ရန်ကုန်မှာ ဖျော်ဖြေပွဲလုပ်တာထက် မန္တလေးမှာ ဖျော်ဖြေပွဲလုပ်တာ များနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ရန်ကုန်က ပရိသတ်တွေနဲ့ ဆုံချင်တဲ့အကြောင်းတွေကိုလည်း စိုင်းစိုင်းက ပြောပြလာပါတယ်။
‘’ကျွန်တော်တို့ Frenzo Artist တွေအနေနဲ့ ရန်ကုန်မှာ ဖျော်ဖြေပွဲမရှိတာ တော်တော်လေးကြာပါပြီ။ နောက်ဆုံးဖျော်ဖြေခဲ့တာက ကျွန်တော့်ရဲ့ Birthday Show ဆိုတော့ လွန်ခဲ့တဲ့ ၆ လက ဖြစ်ပါတယ်။ ဒါကြောင့် Frenzo ပရိသတ်တွေ အကုန်လုံး လာရောက်အားပေးဖို့လည်း ကျွန်တော်က ဖိတ်ခေါ်ချင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့က GATSBY ပွဲမှာ ဖြေဆိုခဲ့တာပါ။
စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။