ကတ်တလန်အသင်းကြီးကတော့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားတာဖြစ်ပါတယ်။

စပိန်ဥပဒေအထူးကျွမ်းကျင်သူက ဘာစီလိုနာအသင်းသာ အကျင့်ပျက်ခြစားမှု စွဲချက်တွေမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် တန်းဆင်းရနိုင်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ဘာစီလိုနာအသင်းဟာ ဒိုင်ကော်မတီဒုဥက္ကဌဟောင်း ဟိုဆေး မာရီယာ အန်းနရီကေး နေဂရေရာပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ငွေကြေးပေးချေမှုတွေ ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး တရားစွဲဆိုခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ခံခဲ့ရတာဖြစ်ပြီး ကတ်တလန်အသင်းကြီးကတော့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားတာဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်၊ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ လာလီဂါတို့ကလည်း ဘာစီလိုနာနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့တဲ့ အခြား အဖွဲ့အစည်းအများအပြားနဲ့အတူ ပါဝင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ ကတ်တလန်အားကစားတရားရုံးဥက္ကဌ ယိုအန်း မာရီယာဟျိုက စွဲချက်တွေသာ မှန်ကန်ကြောင်း သက်သေပြသနိုင်မယ်ဆိုရင် ဒုတိယတန်းကို တန်းဆင်းသွားရနိုင်တယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“တန်းဆင်းနိုင်ခြေက ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ယူအီးအက်ဖ်က နိုင်ငံတကာပါဝင်ပတ်သက်မှုမရှိတဲ့ ဖြစ်ရပ်တွေမှာ အဆုံးအဖြတ်ပေးနိင်ပါတယ်။ တကယ်လို့ မမှန်မကန်လုပ်ဆောင်ခ့တဲ့ အထောက်အထားတွေ တွေ့မယ်ဆိုရင် သူတို့တွေ အရေးယူခံရနိုင်တယ်။ အရေးယူဒဏ်ခတ်မှုစာရင်းထဲမှာလည်း ဆုဖလားတွေ ဆုံးရှုံးနိုင်ခြေကလည်း ပါဝင်နေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က