သူတို့နှစ်ဦးကြားမှာ ၂ဂိုးတည်းသာ ကွာဟပါတော့တယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာကတော့ အယ်လ်မီရီယာနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုအတွက် ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးကို အမီလိုက်နေပါပြီ။ လီဝန်ဒေါစကီးကလည်း ဘက်တစ်နဲ့ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့လို့ လက်ရှိမှာ ဘန်ဇီမာထက် ၂ ဂိုးအသာစီးရရှိထားကာ သူတို့နှစ်ဦးရဲ့ ရွှေဖိနပ်ဆုတိုက်ပွဲက အကြိတ်အနယ်ဖြစ်လာခဲ့ပါပြီ။ 

ဒီရာသီမှာ ဘာစီလိုနာကိုပြောင်းရွှေ့လာခဲ့တဲ့ လီဝန်ဒေါစကီးက ၁၉ ဂီုးသွင်းယူထားကာ ဘန်ဇီမာက ၁၇ ဂိုးရရှိထားပြီးဖြစ်ပါတယ်။ ဘန်ဇီမာနဲ့ ဘယ်သူပိုကောင်းလဲဆိုတာကို သိချင်လို့ ဘာကာကို ပြောင်းရွှေ့ခဲ့တာဆိုတဲ့ ပိုလန်တိုက်စစ်မှူးက နှာတဖျားအသာရနေပေမယ့် သူတို့ကြား သွင်းဂိုးကွာဟချက်က အချိန်မရွေးလိုက်မီနိုင်တဲ့ အနေအထားရှိလို့ ရာသီကုန်ထိ စောင့်ကြည့်ရတော့မှာပါ။ 

ဘန်ဇီမာကတော့ ညက ဟက်ထရစ်ကြောင့် လာလီဂါမှာ စတုတ္ထမြောက်ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဒ့ါအပြင် ဧပြီလအတွင်းမှာပဲ သူက ဗယ်လာဒိုလစ်၊ ဘာစီလိုနာ၊ အယ်လ်မီရီယာတို့ကို ဟက်ထရစ်တွေ သွင်းယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့ပြီး ရာသီကုန်ခါနီးမှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့နေရပါတယ်။ 

လီဝန်ဒေါစကီးက ဘာကာအတွက် နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၃ ဂိုးသာရရှိခဲ့ပြီး ခြေစွမ်းပ​ျောက်ဆုံးသွားချိန် ဘန်ဇီမာက အခွင့်အရေတွေကို အရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ထိပ်တန်းတိုက်စစ်မှူးနှစ်ဦးရဲ့ ရွှေဖိနပ်ဆုတိုက်ပွဲက ရာသီကုန်အထိ အသက်ဝင်နေတော့မှာဖြစ်ပြီး ဘယ်သူကဆွတ်ခူးသွားမလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြရပါပြီ။ 

Share

Loading Next Article...
က္က