အဲဗက်စ်ကိုခေါ်ယူပြီးနောက် သီယာဂိုကိုပါ မျက်စပစ်နေပါပြီ။

ဒန်နီအဲဗက်စ်ကို​ ခေါ်ယူနိုင်ခဲ့ပြီးနောက် ဇာဗီက နောက်ထပ်အသင်းကစားသမားဟောင်းတစ်ဦးကို ထပ်မံခေါ်ယူဖို့ အားထုတ်လာခဲ့တာဖြစ်ပြီး သီယာဂိုက လာမာစီယာအကယ်ဒမီထွက် ကစားသမားလည်းဖြစ်ပါတယ်။ 


အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သူ သီယာဂိုအယ်လ်ကန်တာရာကို ပြန်လည်ခေါ်ယူပေးဖို့အတွက် ဇာဗီက ဘာစီလိုနာကို ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒါဟာ ဒန်နီအဲဗက်စ်ကို​ ခေါ်ယူနိုင်ခဲ့ပြီးနောက် ဇာဗီက နောက်ထပ်အသင်းကစားသမားဟောင်းတစ်ဦးကို ထပ်မံခေါ်ယူဖို့ အားထုတ်လာခဲ့တာဖြစ်ပြီး သီယာဂိုက လာမာစီယာအကယ်ဒမီထွက် ကစားသမားလည်းဖြစ်ပါတယ်။ 

စပိန်ကွင်းလယ်လူဟာ ၂၀၁၃ မှာ ဘိုင်ယန်မြူးနစ်ကို ထွက်ခွာသွားခဲ့ပြီး အောင်မြင်မှုအများအပြားရရှိခဲ့ကာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်ကို အလွတ်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဖီးလ်မှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ သီယာဂိုက အချိန်ကုန်နေခဲ့ပြီး ဇာဗီက ဘာကာနည်းပြသစ်ဖြစ်လာချိန်မှာတော့ သူ့ကို ပစ်မှတ်အဖြစ်ထားရှိလာခဲ့တာဖြစ်ပါတယ်။ 


အသင်းကိုရောက်ရောက်ချင်းမှာပဲ ဇာဗီက အသင်းဆရာဝန်အဖွဲ့ကို အပြောင်းအလဲတွေစတင်လုပ်ဆောင်ခဲ့သလို ကစားသမားတွေအတွက်လည်း စည်းကမ်းချက် ၁၀ ချက်ထုတ်ပြန်ခဲ့ပါတယ်။ ကစားသမားတစ်ဦးချင်းစီကို အဝတ်လဲခန်းအတွင်း သေသေချာချာနှုတ်ဆက်စကားဆိုခဲ့ကာ အသင်းကို ပြန်တည်ဆောက်ဖို့အတွက် အဓိကအကျဆုံးအရာကို သူက လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာကာမှာ သူ့ရဲ့အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ပီကေး၊ ဘက်ကွက်စ်တို့လို ကစားသမားတွေရှိနေပြီး လာမာစီယာအကယ်ဒမီထွက်ကစားသမားတွေလည်း ရှိနေပါသေးတယ်။ အဲဗက်စ်ကို ပြန်လည်ခေါ်ယူပြီးနောက် သီယာဂိုကိုပါ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ ဘာစီလိုနာကို ပြန်လည်တည်ဆောက်ဖို့အတွက် ဇာဗီက အသင်းနဲ့ အရင်းနှီးဆုံးကစားသမားတွေကို အသုံးချဖို့စီမံကိန်းချမှတ်ထားတယ်လို့လည်း ယူဆရပါတယ်။ 

သီယာဂိုက ဘာစီလိုနာအတွက်၄ ရာသီကြာကစားပေးခဲ့ပြီး ၆၈ ပွဲမှာ ၇ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ သူ ကစားပေးခဲ့စဉ်က ဇာဗီနဲ့ အသင်းဖော်တွေဖြစ်ခဲ့ဖူးသလို ဒန်နီအဲဗက်စ်နဲ့လည်း တွဲဖက်ကစားခဲ့သူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က