မက်ဆီရဲ့ ကာတာကမ္ဘာ့ဖလားမျှော်လင့်ချက်နဲ့ပတ်သက်လို့ မာရှေရာနိုက ပြောလာတာပါ။

အာဂျင်တီးနား လက်ရွေးစင် ကစားသမားဟောင်းကြီး မာရှေရာနိုက လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ မက်ဆီ ဘာမှ မစွမ်းဆောင်ပြနိုင်ခဲ့ရင်တောင် သူ့အတွက် အရာအားလုံးက ပြီးပြည့်စုံနေပြီလို့ ပြောကြားခဲ့ပါတယ်။ အာရှတိုက်မှာ ကျင်းပမယ့် ဒီကမ္ဘာ့ဖလားကို ကာတာရဲ့ ရာသီဥတုအခြေအနေကြောင့် ဆောင်းရာသီမှာ ပြောင်းလဲကျင်းပသွားမှာပါ။



ဒီကမ္ဘာ့ဖလားက မက်ဆီအတွက် (၅) ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်လာဖို့ရှိပြီး သူ့ရဲ့ ကစားသမားဘဝအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် မက်ဆီတယောက် ဒီတခါပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ အောင်မြင်မှုရရှိဖို့ ပစ်မှတ်ထားနေတယ်လို့ဆိုနေပြီး မာရှေရာနိုကတော့ အခုလိုပဲ ပြောကြားလာခဲ့တာပါ။

မာရှေရာနိုက “အခု လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲက မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ? အဲ့ဒါတွေကို မက်ဆီကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလိမ့်မယ်။ မက်ဆီက သူ့ရဲ့ ကစားသမားဘဝတလျှောက် အောင်မြင်မှုတွေရရှိခဲ့ပြီး အခုထိလည်း ရနေဆဲ၊ အံ့အားသင့်ဖွယ်အရာတွေကို စွမ်းဆောင်ပြနေဆဲပါ”

“အာဂျင်တီးနားလူမျိုးတွေအတွက် သူ လက်ရွေးစင်အသင်းမှာ ကစားပေးနိုင်တာက တကယ့်ကို အခွင့်ထူးခံကိစ္စတခုပါပဲ။ မက်ဆီက သူ့အတွက် အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်တယ်၊ ဆုဖလားတွေနဲ့ အဆုံးသတ်ပေးနိုင်ပါတယ်။ ဒါကိုပဲ အာဂျင်တီးနားလူမျိုးတွေက အလိုရှိနေတာပါ”

“ဒါပေမယ့် သူ့အတွက်တော့ အခုချိန်မှာဘာကိုမှ ထပ်ပြီး သက်သေပြစရာ မရှိတော့ပါဘူး။ တကယ်လို့ ကျနော်တို့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ရင်... ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ် မက်ဆီအတွက်ပေါ့ဗျာ။ ဘယ်သူမှတော့ အာဂျင်တီးနားကို ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးနိုင်မှာမဟုတ်ပါဘူး၊ မက်ဆီကလွဲလို့ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ ဘလွန်းဒီအော်ဆုကိုလည်း (၇) ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပြီး ဒီစံချိန်က အခြားကစားသမားတွေအတွက်တော့ လိုက်မှီဖို့ခက်ခဲတဲ့ စံချိန်တခုအဖြစ် တင်ရှိနေတော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က