(၂၀၁၉) အင်တာဗျူးမှာ အဲရစ်တန်ဟက်ခ်က ဒီအကြောင်းကို ပြောပြခဲ့တာပါ။

ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အဲရစ်တန်ဟက်ခ်က သူ့အနေနဲ့ ဘိုင်ယန်မြူးနစ်အရံအသင်းနည်းပြဘဝမှာ ဂွါဒီယိုလာဆီက အများကြီး သင်ယူခဲ့ဖူးတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ လာမယ့်နွေမှာ အေဂျက်စ်နဲ့ လမ်းခွဲဖို့ သေချာသလောက်ရှိနေပါတယ်။



ဒီအကြောင်းကိုတော့ အဲရစ်တန်ဟက်ခ်က (၂၀၁၉) တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲရစ်တန်ဟက်ခ်အနေနဲ့ အေဂျက်စ်ပရိသတ်တွေအတွက် တန်ဖိုးထားရတဲ့ နည်းပြတယောက်ဖြစ်ပါတယ်။ အေဂျက်စ်က နာမည်ကျော်ကစားသမားတွေကို ရောင်းချခဲ့သည့်တိုင် အဲရစ်တန်ဟက်ခ်က အသင်းကိုမယိုင်နဲ့သွားအောင် ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

ဒီလိုမျိုးနည်းပြကို ယူနိုက်တက်တို့ စိတ်ဝင်စားနေတာ အထူးအဆန်းတော့ မဟုတ်ဘဲ ပြီးခဲ့တဲ့ တနင်္လာက ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ အဲရစ်တန်ဟက်ခ်တို့အကြား တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အသက် (၅၂) နှစ်အရွယ် အဲရစ်တန်ဟက်ခ်ကလည်း ယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ကိုသာ ရောက်လာခဲ့ရင် အဲရစ်တန်ဟက်ခ်တယောက် သူ သင်ယူနေရတဲ့ ဂွါဒီယိုလာနဲ့ မြို့ခံပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရနိုင်ပါတယ်။ ဂွါဒီယိုလာနဲ့ ပတ်သက်လို့ အဲရစ်တန်ဟက်ခ်က “ကျနော် ဂွါဒီယိုလာဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်”

“သူ့ရဲ့ အတွေးအခေါ် အယူအဆတွေက တကယ်ကို စိတ်ကူးယဥ်ဆန်တဲ့အရာတွေပါ။ သူက ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ အခု မန်စီးတီးတို့မှာ ဆွဲဆောင်မှုရှိတဲ့ ကစားဟန်၊ တိုက်စစ်ဆင်မှုတွေနဲ့ အောင်မြင်မှုတွေ ရယူနေတာကို မြင်တွေ့ရပါတယ်။ ကျနော် အခု အေဂျက်စ်မှာ အကောင်အထည်ဖော်နေတာကလည်း သူ့ပုံစံအတိုင်းပါပဲ” လို့ (၂၀၁၉) မှာ ပြောကြားခဲ့ပါတယ်။

အဲရစ်တန်ဟက်ခ်ဟာ (၂၀၁၃) ကနေ (၂၀၁၅) အထိ ဘိုင်ယန်မြူးနစ် အရံအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဲရစ်တန်ဟက်ခ်က နယ်သာလန်မြေကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး ဂွါဒီယိုလာကတော့ နောက်တနှစ်မှာ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က