အသက် ၂၁ နှစ်သာရှိပါသေးတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီး နည်းပြ ကလော့ပ်ရဲ့ လက်ထက်မှာ လီဗာပူးအသင်းနဲ့အတူ အတိုးတက်ဆုံး ကစားသမားအဖြစ် အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနေနိုင်တာပဲ ဖြစ်ပါတယ်။

ဘရာဇီးရဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်ရ ကစားသမားဟောင်းကြီး ကာဖူးက လီဗာပူးအသင်းရဲ့ လူငယ် ညာနောက်ခံလူ အာနိုးလ်အနေနဲ့ လာမယ့် နွေရာသီမှာ အသင်းက ထွက်ခွာလိမ့်မယ်လို့ သတိပေးစကားပြောလိုက်တဲ့ အကြောင်း Metro.com သတင်းဌာနကဖော်ပြလာပါတယ်။

အာနိုးလ်ကတော့ သူ့အနေနဲ့ အသက် ၂၁ နှစ်အရွယ်မှာ အကောင်းဆုံး ညာနောက်ခံ ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြထားပြီးလည်း ဖြစ်ပါတယ်။



“ အာနိုးလ်က လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲ ကတစ်ဦးပါ။လီဗာပူးအသင်း အခု ဘယ်လို အနေအထားရောက်နေလဲဆိုတာ သူက အများကြီးစကားပြောပါတယ်။ ရာသီအကုန်မှာ သူနဲ့ ပတ်သက်ပြီး ကြီး မားတဲ့ အပြောင်းအရွှေ့သတင်းတွေ ကြားရပါလိမ့်မယ်။ သူ့ကို အကောင်းဆုံး နောက်ခံလူလို့ ပြောတာ မဟုတ်ဘူး နော်။ဒါပေမယ့် သူက အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး လိုက်ပါနိုင်ပြီး အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင် သူပဲ ဖြစ်ပါတယ်။”လို့ ကာဖူးက The Sun သတင်းဌာနကိုပြောခဲ့ပါတယ်။

ကာဖူးကတော့ ဘရာဇီးအတွက် ပွဲပေါင်း ၁၄၂ ပွဲ ကစားထားခဲ့ပြီး စီးရီးအေ ဆုဖလားကိုလည်း ရိုးမား၊အေစီမီလန် တို့နဲ့ ရယူခဲ့ဖူးပါတယ်။

လာမယ့် နွေရာသီမှာတော့ ဥရောပရဲ့ ထိပ်တန်း အသင်းကြီး တစ်သင်းက အာနိုးလ်ကို ကမ်းလှမ်းလာတော့မယ်လို့ ကာဖူးက ကြိုတင် တွက်ဆလိုက်တာပါ။

Share

က္က