ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်း အလွယ်အကူပဲ ဆွတ်ခူးသွားနိုင်ခဲ့တာဟာ ရာသီသစ်ပြန်စချိန်မှာ သူ့အသင်းအတွက် တွန်းအားပေးမှုလည်းဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါသေးတယ်။
မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အသင်းပေါင်း ၇ သင်းအထိ စိန်ခေါ်နိုင်လိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်း အလွယ်အကူပဲ ဆွတ်ခူးသွားနိုင်ခဲ့တာဟာ ရာသီသစ်ပြန်စချိန်မှာ သူ့အသင်းအတွက် တွန်းအားပေးမှုလည်းဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါသေးတယ်။
မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ရယူနိုင်ဖို့ ရည်မှန်းခဲ့ပေမယ့်လည်း ထင်မှတ်မထားတဲ့ ရလဒ်တွေကြောင့် လီဗာပူးလ်ကို ဦးဆောင်ခွင့်ပေးခဲ့ရပါတယ်။ တော့တင်ဟမ်၊ နော်ဝှစ်ချ် နဲ့ ဝုလ်ဗ်တို့ကို ရာသီအစမှာပဲ အမှတ်တွေပေးခဲ့ရပြီးနောက် မန်စီးတီးဟာ လီဗာပူးလ်ကို လိုက်မီနိုုင်ဖို့ ခဲယဉ်းခဲ့တာလည်းဖြစ်ပါတယ်။
"ဒီရာသီအစပိုင်းကနေ ကျွန်တော်တို့ သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ လီဗာပူးလ်နဲ့ ကစားပြီး ကွန်မြူနတီဒို်င်းကို ရယူနိုင်ခဲ့ပြီးနောက် ကျွန်တော်တို့ ရမှတ်တွေ မထင်မှတ်ဘဲ ဆုံးရှုံးခဲ့ရပါတယ်၊ ဒါပေမယ့် အဲဒီလိုဖြစ်လာမယ်ဆိုတာကို ကျွန်တော်မသိခဲ့ပါဘူး၊ ရာသီတိုင်းမှာ ပြိုင်ဘက်တွေက တောင့်တင်းလာကြပါတယ်၊ လီဗာပူးလ်က တောင့်တင်းတဲ့အသင်းတစ်သင်းအဖြစ်ရှိနေခဲ့ပါတယ်"
"ချယ်လ်ဆီးကလည်း အခုဆို စျေးကွက်ထဲမှာ ရင်းနှီးမှုတွေပြုလုပ်နေခဲ့ပါပြီ၊ နောက်ဆုံးအချိန်ကာလတွေမှာလည်း ယူနိုက်တက်က နောက်ထပ်ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီး စပါးအသင်းကလည်း ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ဆွန်၊ ဟယ်ရီကိန်းနဲ့ အခြားကစားသမားတွေ ပြန်လည်သက်သာလာပြီး အတွေ့အကြုံရင့်မော်ရင်ဟိုကို ပိုင်ဆိုင်ထားပါတယ်" လို့ ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အာတီတာလက်ထက်မှာ အာဆင်နယ်ကလည်း အသွင်ပြောင်းလဲလာမှာဖြစ်သလို လက်စတာရဲ့ တိုးတက်မှုကိုလည်း ဂွာဒီယိုလာက အသိအမှတ်ပြုခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အသင်း ၇ သင်းက ရယူနိုင်ဖို့ စိန်ခေါ်နိုင်မယ်လို့ ဂွာဒီယိုလာက ယူဆခဲ့တာလည်း ဖြစ်ပါတယ်။