မန်စီးတီးထက် တစ်မှတ်သာလျော့ပြီး ဆုဖလားလက်လွှတ်ခဲ့ရတာပါ။

အိမ်ကွင်းမှာ ဝုလ်ဗ်ကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပေမယ့်လည်း မန်စီးတီးက (၄-၁)နဲ့ ဘရိုက်တန်ကို အနိုင်ကစားခဲ့လို့ လီဗာပူးလ်ဟာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

(၂၉)နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ရရှိဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် ဆုဖလားမရရှိခဲ့တဲ့နောက်မှာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က လာမယ့်ရာသီမှာ စိန်ခေါ်နိုင်မှုအပြည့်နဲ့ ပြန်လာခဲ့မယ်လို့ မန်စီးတီးကို သတိပေးစကားပြောသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ဝုလ်ဗ်ကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပေမယ့်လည်း မန်စီးတီးက (၄-၁)နဲ့ ဘရိုက်တန်ကို အနိုင်ကစားခဲ့လို့ လီဗာပူးလ်ဟာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

လီဗာပူးလ်အနေနဲ့ ရမှတ်ပေါင်း (၉၇)မှတ်အထိ ပိုင်ဆိုင်ခဲ့သလို ရှုံးပွဲတစ်ပွဲတည်းသာ ရှိခဲ့ပေမယ့် အမှတ်ပေးဖလားနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးကို ရမှတ် (၇)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပေမယ့် သရေပွဲတွေ အများအပြားတွေ့ကြုံခဲ့ရပြီနောက် လီဗာပူးလ်ဟာ မန်စီးတီးရဲ့ တစ်မှတ်အသာနဲ့ ဆုဖလားဆွတ်ခူးသွားမှုကို လက်ပိုက်ကြည့်နေခဲ့ရပါတယ်။

"မန်စီးတီးမှာ အရည်အသွေးကောင်းတွေ အပြည့်အဝရှိနေပြီး ဘဏ္ဍာရေးပိုင်းလည်း တောင့်တင်းပါတယ်၊ ဒီအတွက် သူတိ့ုကို အလွယ်တကူကျော်ဖြတ်နိုင်ဖို့က မလွယ်ကူပါဘူး၊ ဒါက ရှင်းရှင်းလေးပါ၊ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ ပါတယ်၊ လာမယ့်ရာသီမှာ အခုလို (၉၇)မှတ်ရမလား ကျွန်တော်မသိပါဘူး၊ ဒါက လိုအပ်လားလည်း ကျွန်တော်မသိပါဘူး၊ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်လာဦးမှာပါ"

"ပြီးခဲ့တဲ့ရာသီကလိုပဲ အသင်းကို အခြေခံထားခဲ့ပေမယ့် ကျွန်တော်တို့ ကြီးမားတဲ့ အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပါတယ်၊ မယုံကြည်နိုင်စရာပါပဲ၊ ဒီထက်မကပိုတဲ့အရာတွေ လာဦးမယ်လို့ ကျွန်တော်တကယ်မျှော်လင့်မိပါတယ်၊ လူတွေက ကျွန်တော်တို့ နှစ် (၃၀)လောက် ဆုဖလား

မရတာကို ပြောနေကြပါတယ်၊ ဒါပေမယ့် တခြားအသင်းတွေလည်း ကြီးမားတဲ့ ပြသနာတွေ ရှိနေကြတာပါ၊ ဒီအသင်းက ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားရဖို့ ကြိုးစားခဲ့ပါတယ်၊ ဒီအသင်းအတွက်က မပြီးဆုံးသေးပါဘူး၊ ရာနှုန်းပြည့် ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်လာဦးမှာပါ" လို့ ကလော့ပ်က ပြောခဲ့ကြောင်း FourFourTow က ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ဟာ ရှုံးပွဲအနည်းဆုံး၊ ပေးဂိုးအနည်းဆုံးနဲ့ ပေးဂိုးမရှိပွဲအများဆုံး ရရှိတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ ရမှတ်တွေထက် ပိုမိုများပြားတဲ့ ရမှတ်ကိုလည်း ဒီရာသီမှာ ပိုင်ဆိုင်ခဲ့ပေမယ့် ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ဆာလာနဲ့မာနေးတို့ ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့ပြီး ဂိုးသမားအယ်လစ်ဆန်ကလည်း ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က