ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲကြီးတစ်ခု ဖြစ်တဲ့ Consumer Electronics Show (CES) နည်းပညာပြပွဲကြီးကို ပြီးခဲ့တဲ့နှစ်များအတိုင်း လူတွေ တက်ရောက်နိုင်အောင် ကျင်းပသွားမယ်လို့ ဆိုပါတယ်။
လာ့စ်ဗီးဂတ်စ်မှာ ကျင်းပသွားမယ့် CES 2021 ပွဲကို ဇန်နဝါရီ ၆ ရက်ကနေ ၉ ရက်အထိ ကျင်းပသွားဖို့ လျာထားတယ်လို့ Consumer Technology Association က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၀ ခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ နည်းပညာပွဲများ ဖျက်သိမ်းခြင်းနဲ့ အွန်လိုင်းပွဲအဖြစ်ပဲ ကျင်းပခဲ့ရပေမယ့် CES 2021 ကတော့ လူတက်ရောက်နိုင်တဲ့ ပွဲဖြစ်လာမယ်လို့ Variety သတင်းက ဆိုပါတယ်။
Photo: Variety
"လာ့စ်ဗီးဂတ်စ်မှာ လူချင်းတွေ့ဆုံနိုင်တဲ့ ပွဲတစ်ခုအဖြစ် စီစဉ်ထားပေမယ့် ကွန်ဖရင့်များ တက်ရောက်တာ ၊ စီးပွားရေးကိစ္စလုပ်ဆောင်တာနဲ့ ခရီးစဉ်ကနေ အစည်းအဝေးလုပ်တဲ့အထိ အသစ်အသစ်တွေ ထည့်သွင်းစဉ်းစားဖို့ ကြုံလာပြီ ဖြစ်ပါတယ်" လို့ CES ဝက်ဘ်ဆိုက်ပေါ်က CTA ရဲ့ သတင်းစကားမှာ ဖော်ပြထားပါတယ်။
CES ပွဲမှာ ပြသသွားမယ့် ထုတ်ကုန်တွေကို အပြင်မှာ လူကိုယ်တိုင် ကြည့်ရှုလေ့လာနိုင်အောင်အပြင် ဒီဂျစ်တယ်စနစ်နဲ့ပါ ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ CES ဟာ လာ့စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ တစ်နှစ်တာဲ့ အကြီးဆုံး ကွန်ဗင်းရှင်းပြပွဲကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာ CES ပွဲကို တက်ရောက်သူ ၁၇၅၀၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။
Photo: Engadget
ပွဲကျင်းပရာ Las Vegas Convention Center ကိုလည်း လာမယ့်နှစ် CES ပွဲအမှီ အကြီးစားတိုးချဲ့ပြင်ဆင်မှုအဖြစ် ဒေါ်လာ ၄၅.၂ သန်း တိုးပြီး စုစုပေါင်း ဒေါ်လာ သန်း ၉၈၀ ကျော်အထိ အသုံးပြုသွားမယ်လို့ Las Vegas Review Journal က ဆိုပါတယ်။ CES နည်းပညာပွဲဟာ တီဗွီ ၊ ကားနဲ့ တစ်ခြား လူသုံးကုန်လျှပ်စစ်ပစ္စည်းတွေ ကြေညာတဲ့ ပွဲတစ်ပွဲဆိုတာထက် ပိုပါတယ်။
ဒီပွဲမှာ လက်လီလက်လုပ်ငန်းရှင်များ ၊ ထုတ်လုပ်သူများနဲ့ ကုမ္ပဏီများအကြား စီးပွားရေးအစည်းအဝေးတွေ ဖန်တီးပေးတဲ့ နေရာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် CES ပွဲမှာ ထုတ်ကုန်မိတ်ဆက်ပြသတဲ့ ကုမ္ပဏီပေါင်း ၄၄၀၀ ကျော် ရှိခဲ့ပြီး ပြခန်းနေရာအကျယ်ဟာ စတုရန်းပေ ၂.၉ သန်းကျော် ပေးထားပါတယ်။ COVID-19 ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် ၅၃ နှစ်မြောက် ES 2019 ကိုတော့ ကျင်းပနိုင်ခဲ့ပါတယ်။