၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးဖို့က ခက်ခဲလိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက အသက်အရွယ်ကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးဖို့ ခက်ခဲလိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းပြသပြီး အရှေ့အလယ်ပိုင်းမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်တုန်းက လီယွန်နယ် မက်ဆီက ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့်လည်း အာဂျင်တီးနားအသင်းဗိုလ်စွဲခဲ့ပြီးနောက်မှာတော့ လာမယ့် ၃ နှစ်မှာ တောင်အမေရိကအသင်းရဲ့ချန်ပီယံဘွဲ့ကို ကာကွယ်ရာမှာ အကူအညီပေးမယ်ဆိုတဲ့သတင်းတွေကို လုံးဝ ငြင်းပယ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘလွန်ဒေါ ၇ ဆုရှင်ဟာ ၎င်းရဲ့ အသက်အရွယ်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးဖို့က ခက်ခဲလိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Diario Ole နဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီက "အသက်အရွယ်ကြောင့် ၂၀၂၆ ခုနှစ်မှာ ပါဝင်ကစားပေးဖို့ ခက်ခဲပါလိမ့်မယ်။ ကျွန်တော် ဘောလုံးကစားရတာကို နှစ်သက်မြတ်နိုးပြီး ကျွန်တော်က ကောင်းမွန်တဲ့ပုံစံမှာ ရှိနေတယ်လို့ ခံစားနေရပြီး အဲဒါကို ပျော်ရွှင်ခံစားနေပါတယ်။ ကျွန်တော် အဲဒါကို ထိန်းသိမ်းထားဖို့ လုပ်သွားမှာပါ။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အချိန်တွေက တော်တော်ကြာဦးမယ့်ပုံပဲ။ ဒါပေမယ့် အဲဒါက ကျွန်တော့်ရဲ့ ကစားသမားဘဝက ဘယ်လို ဖြစ်လာမလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က